မြန်မာဆီးဂိမ်းတွင် ရွှေတံဆိပ်ယူရန်အသင့်ဟု မလေးရှားကရာတေးမယ် ကြုံးဝါး

ပို့စ်တင်ချိန် - 10/29/2013 11:35:00 AM


သောကြာ

မလေးရှား ကရာတေးဒိုမယ် ရှာကီလာက မိမိအနေဖြင့် မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ တွင် ရွှေတံဆိပ်ယူရန် အဆင်သင့်ဖြစ်နေပြီဟု မလေးရှားပြည်တွင်း မီဒီယာတစ်ခုဖြစ်သည့် TheStar Online သို့ ပြောကြားလိုက်သည်။

ရှာကီလာသည် လွန်ခဲ့သည့်သုံးလလောက်က ဒဏ်ရာကြောင့် အနားယူခဲ့ရသော်လည်း လက်ရှိအချိန်တွင် ဒဏ်ရာမှ တိုးတက်ကောင်းမွန်လာပြီ ဖြစ်သည်။ ရှာကီလာက “ကျွန်မရဲ့ ကစားသမားဘ၀တစ်လျှောက်မှာ ပထမဆုံး ရွှေတံဆိပ်ဆုယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ရွှေတံဆိပ်ယူဖို့အတွက် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက် နမ်တို့နဲ့ အဓိကပြိုင်ရမှာပါ။ ဒါပေမဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

မလေးရှား ကရာတေးမယ် ရှာကီလာသည် ပြီးခဲ့သည့် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် -၆၈ ကီလိုကုမိတဲ့ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သလို အသင်းလိုက်ကုမိတဲ့ ပြိုင်ပွဲတွင်လည်း ငွေတံ ဆိပ်တစ်ခုတို့အား နိုင်ငံအတွက်ရယူပေးခဲ့သည်။ အသက် ၂၁ နှစ်အရွယ်ရှိ ရှာကီလာသည် ၂၀၀၈ ခုနှစ် တွင် မလေးရှား လက်ရွေးစင် ကစားသမားတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး သူမသည် နောင်လာမည့် အနာဂတ်တွင် ထွန်းတောက်လာမည့် ကရာတေးကစားသမားတစ်ဦး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း မလေးရှား ပြည်တွင်းမီဒီယာများက ခန့်မှန်းထားကြသည်။ မလေးရှား ကရာတေးအားကစားအဖွဲ့သည် ၂၀၁၁ ခုနှစ်၊ အင်ဒိုနီးရှားဆီးဂိမ်းတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ခုနစ်ခု ရရှိခဲ့သည်။
Mizzima - News in Burmese