တောမီးနှင့် စစ်ရေးလေ့ကျင့်မှု ဆက်စပ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေး

ပို့စ်တင်ချိန် - 10/21/2013 01:12:00 PM



နယူးဆောက်ဝေးလ်၌ ပြင်းထန်သော တောမီးလောင် ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားစေရန် ပေါက်ကွဲစေတတ် သောပစ္စည်းများကို စစ်ရေးလေ့ ကျင့်မှုတွင် အသုံးပြုခြင်း ရှိ၊ မရှိ ကို ဩစတြေးလျ စစ်ဘက်ဆိုင်ရာ မှ စုံစမ်းစစ်ဆေးနေကြောင်း သိ ရသည်။အဆိုပါ စစ်ရေးလေ့ကျင့် မှုကို ဘလူးမောင်တိန်ဒေသရှိ လစ် ဂိုမြို့အနီး၌ အခြေစိုက်လေ့ကျင့် ခဲ့ပြီး ထိုနေ့တွင် ပြင်းထန်သော မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွား ခဲ့သည်။
ထိုမီးလောင်ကျွမ်းမှုသည် ရက် ပေါင်းများစွာ ကြာခဲ့ပြီး အိမ်ခြေ ၂၀၀ ခန့် ဆုံးရှုံးပျက်စီးခဲ့ရသည်။

ယခုနှစ်တောမီးလောင်ကျွမ်း မှုသည် သာမန်ထက် ပိုစောနေခဲ့ ပြီး ရာသီဥတုဖောက်ပြန်ပြီးနောက် မီးလောင်ကျွမ်းမှု စတင်ခြင်းဖြစ် ကာ ပူပြင်းသောနွေရာသီကို ဖြတ် သန်းရန် လူအများက စိုးရိမ်နေကြ သည်။ အမျိုးသားတစ်ဦးသည် ၎င်း၏အိမ် မီးလောင်မှုမှကာကွယ် ရန် ကြိုးစားနေချိန် နှလုံးရောဂါ ဖောက်လာသဖြင့် သေဆုံးခဲ့သည်။

ဆစ်ဒနီ၏ အနောက်မြောက် ဘက် ကီလိုမီတာ ၈၀ (မိုင် ၅၀)အကွာအဝေးရှိ လစ်ဂိုနှင့် ဘီလ် ပင်မြို့တို့ကြားတွင် ဖြစ်ပေါ်သော မီးလောင်ကျွမ်းမှုများနှင့် ပတ်သက် ပြီး စုံစမ်းစစ်ဆေးမည်ဟု ဩစ တြေးလျ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။''အောက်တိုဘာ ၁၆ ရက် က မီးစလောင်တယ်။ အဲဒီနေ့မှာ ပဲ ပေါက်ကွဲစေတတ်တဲ့ လက်နက် တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ် ဖို့ ညွှန်ကြားခဲ့တယ်။ ဒီအဖြစ်အ ပျက်နှစ်ခုက ချိတ်ဆက်နေလား ဆိုတာ စုံစမ်းနေပါတယ်''ဟု သ တင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မီးလောင်ကျွမ်းမှုများကို ရာသီဥတုအေးသောအချိန်တွင် ထိန်းချုပ်နိုင်သော်လည်း ပူပြင်း ပြီး လေတိုက်နှုန်းမြင့်သောအချိန် တွင် ထိန်းချုပ်ရန် ခက်ခဲသည်။
''မီးက ကီလိုမီတာ ၅၀၀ ကျော်အထိ လောင်ကျွမ်းခဲ့တယ်။ အခုနည်းနည်းတော့ အခြေအ နေ ငြိမ်လာပါပြီ။ မီးသတ်သမား တွေလဲ ရက်သတ္တပတ် အတော် ကြာကြာ မီးငြှိမ်းဖို့ ကြိုးစားခဲ့ကြ တယ်။ ဒါပေမဲ့ လာမယ့်ပူပြင်း တဲ့ရာသီ၊ လေကြမ်းတိုက်ခတ်တဲ့ ရာသီမှာဆိုရင်တော့ ထိန်းချုပ်ဖို့ ခက်လာပါပြီ''ဟု ခရိုင်မီးသတ် ဆိုင်ရာ မဟာမင်းကြီး ရော့ရိုဂျာ က ပြောခဲ့သည်။

Yangon Media Group