နိုဝင်ဘာလထဲရောက်တဲ့အထိ မိုးရှိနေနှိုင်ပါသေးတယ်။

ပို့စ်တင်ချိန် - 10/28/2013 08:10:00 PM


အောက်တိုဘာ၂၈
(၁) မြန်မာနိုင်ငံအထက် လေထုအတွင်းတွင် ရေငွေ့များပါဝင်မှုများပြားနေသည်ကို မိုးလေ၀သဂြိုဟ်တုမှ vapour sensor ဖြင့်တိုင်းတာတွေ့ရှိရပါတယ်။ အဲဒီလေထု အတွင်းကို တရုတ်ပြည်မကြိးပေါ်မှ ရာသီအလိုက်ဖြစ်ပေါ်နေတဲ့ လေဖိအားများ ရပ်ဝန်းကြီးမှ လေအေးများတိုးဝင်လာမှုကြောင့် လေပူလေအေး ပေါင်းစပ်မှုကြောင့် မိုးတိမ်တွေဖြစ်လာနေပါတယ်။

(၂) မြေပြင်အထက်ပေ(၂၀၀၀)အမြင့်တွင် တိုက်ခတ်နေသောလေစီးကြောင်းများ အရ မြန်မာနိုင်ငံအရှေ့ဖက်ရှိ ထိုင်းနိုင်ငံအတွင်းသို့ အရှေ့မြောက်လေအေးများ တိုးဝင်နေတာကိုတွေ့ကြရပါတယ်။ အဲဒီတိုးဝင်လာတဲ့ လေအေးများနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက် ပိုင်းတွင်ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် မြန်မာ့ ကမ်းရိုးတန်းတလျှောက် အနောက်ဖက်မှတိုးဝင်လာနေတဲ့ ပူနွေးစွတ်စိုတဲ့လေနွေးတွေ စုဆုံရာတလျှောက် မိုးတိမ်များဖြစ်ပေါ်နေတာကို Kalpana ဂြိုဟ်တုတိမ်ပုံ မှာတွေ့ကြ ရပါတယ်။

(၃) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း တွင်ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းကြောင့် မြန်မာနိုင်ငံဖက်သို့ အနောက်တောင်လေများတိုက် ခတ်နေ ရာ ရေငွေ့ပါသောလေများ မြန်မာနိုင်ငံအတွင်းသို့ တိုးဝင်နေစေပါတယ်။ တရုတ်ပြည်မကြီးဖက်မှအရှေ့မြောက်လေအေးများ ထိုင်းနိုင်ငံဖက်မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း တိုးဝင်လာသောအခါ မတူညီသောလေထုနှစ်ခု ဆုံတွေရာ (Streamline convergence) တလျှောက်တွင် လေထုနှစ်ခုရောနှော မှုကြောင့် တိမ်များဖြစ်ပေါ်လာနေသည်ကို အိန္ဒိယနိုင်ငံ၏ Kalpana-1 ဂြိုဟ်တုမှာ ရိုက်ယူပေးသောတိမ်ပုံတွင်ထင်ရှားစွာတွေ့ကြရပါတယ်။မြန်မာနိုင်ငံ အပေါ်တွင် အနောက်တောင်-အရှေ့မြောက်လားရာအတိုငးတည်ရှိနေတဲ့ တိမ်စွယ်တန်း တစ်ခုကိုတွေ့ကြရပါတယ်။ ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းမှာ မုန်တိုင်းငယ်တစ်ခု စတင်အစပျိုးနေတာကိုလည်းတွေ့ကြရပါတယ်။

(၄) ဘင်္ဂလားပင်လယ်အော်အတွင်း နောက်(၄၈)နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်ဖို့ အလားအလာလုံးဝမရှိကြောင်း NWP နည်းပညာတွက်ချက်မှုအရသိကြရပါတယ်။

လက်ရှိမိုးအနေအထားကတော့ နိုဝင်ဘာလထဲရောက်တဲ့အထိ မိုးရှိနေနှိုင်ပါသေး တယ်။

ဒေါက်တာထွန်းလွင်
Popular Myanmar News Journal