သံတွဲနောက်ဆုံးရသတင်း

ပို့စ်တင်ချိန် - 10/02/2013 08:40:00 AM



အစိုးရလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ ဘုမဒေါကျေးရွာ အနီး ဒွါးမြှောင်ရွာတွင် အပြစ်မဲ့ ရခိုင်တိုင်းရင်းသားများအား အကြမ်းဖက်ပစ်ခတ်သောကြောင့် ရခိုင်တိုင်းရင်းသား ၅၀ခန့် ဒဏ်ရာရရှိပြီး ၁၀ဦးခန့် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒဏ်ရာရသူများကို တောင်ကုတ်မြို့ ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးလျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ ညမထွက်ရအမိန့် ကို ချိုးဖောက်သည်ဟု အကြောင်းပြကာ ခြောက်လှန့် ပစ်ခတ်နေရာမှ ကင်းစောင့်နေသည့် ရခိုင်/ဗုဒ္ဓများကို ပစ်ခတ်သောကြောင့် သေဆုံးဒဏ်ရာရများ ဖြစ်ခဲ့ရပြီး လူနေအိမ်များ ဖက်သို့ လည်း ပစ်ခတ်မှုများရှိကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက သတင်းပေးပါသည်။

ယခုအခါ လုံထိန်းများနှင့် ရခိုင်တိုင်းရင်းသားများအကြား တင်းမာမှုများရှိနေပြီး မြို့ နယ်အုပ်ချုပ်ရေးမှုးက ကြားဝင်ညှိနှိုင်းပေးလျက်ရှိသော်လည်း လုံထိန်းများက အထက်အမိန့် အရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ရခိုင်တိုင်းရင်းသားများက ရခိုင့်တပ်မတော်သို့ အကူအညီတောင်းထားပြီး အကြောင်းမပြန်သေးကြောင်း ဦးလှမြင့်ချေက ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

Credit: ရက္ခိုင့်သွီး
Myanmar News Update