အန်ဒမန်ပင်လယ်အတွင်းမှ မြန်မာရွှေပြောင်းလုပ်သား ၁၃ လောင်း ဆယ်ယူရရှိ

ပို့စ်တင်ချိန် - 10/13/2013 01:23:00 PM


ဘန်ကောက်၊ အောက်တိုဘာ ၁၃

ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းအလွန် အန်ဒမန်ပင်လယ်အတွင်း နစ်မြုပ်ခဲ့သော လှေတစ်စင်းမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ လောင်းတွေ့ရှိကြောင်း ထိုင်းနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့မှသိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့်နစ်မြုပ်ခြင်းဖြစ်ကြောင်း ထိုင်းရေကြောင်းရဲမှူး အကရတ်သ် အာရွန်ကပြောသည်။

စနေနေ့ညနေအထိ အမျိုးသားအလောင်း ၁၂ လောင်းနှင့် အမျိုးသမီးအလောင်း ၁ လောင်းတို့ကိုဆယ်ယူရရှိပြီးဖြစ်ကြောင်းသိရသည်။

နစ်မြုပ်သွားသောလှေမှာ ကော့သောင်းမှ ရနောင်းသို့လာသောလှေတစ်စင်းဖြစ်ပြီးမြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ခန့်ပါဝင်ကြောင်းသိရသည်။

PP

ref: 13 bodies of Myanmar migrants recovered(Bangkok post)
Popular Myanmar News Journal