သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်းမှာ ကားဆီတိုင်ကီပေါက်ပြီး မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွား

ပို့စ်တင်ချိန် - 10/25/2013 07:10:00 PM


သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်းက ညနရုံးအကျော်နားလေးမှာဒီနေ့လည်(၁၁:၃၀)လောက်က ကားဆီတိုင်ကီပေါက်ပြီး မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ကားက(ထ/၅၂၄၂)ဖြစ်ပြီး သန်လျင်ရေနံချက်စက်ရုံကဟောင်းနွမ်းနေပြီဖြစ်တဲ့ TE အမျိုးအစားဖြစ်ပါတယ်။

ကားဆီတိုင်ကီပေါက်မှုကြောင့်ဆီယိုစိမ့်ပြီးမီးထလောင်တာဖြစ်ပါတယ်။ ကားဒရိုင်ဘာကတော့ဆေးရုံပို့လိုက်ရပြီးအခြေအနေတော့မသိရသေးပါဘူး။ ကားမီးလောင်တဲ့ဘေးကအပင်ကြီးကိုပါမီးကကူးစက်ခဲ့တာကြောင့်မီးကြီးသွားပြီးရေနဲ့ငြိမ်းလို့မရတာကြောင့်မီးသတ်ဆေးဖြန်းပြီးငြိမ်းသတ်ခဲ့ရပါတယ်။ နေ့လည်(၁၂:၁၅)မိနစ်လောက်မှာ မီးငြိမ်းခဲ့ပြီးအဆိုပါမီးလောင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုလည်းခေတ္တ ဖြစ်ပွားခဲ့ပါတယ်။


ဓါတ်ပုံနှင့်သတင်း - မင်းသွေးသစ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)