မောင်းနှင်နေသည့် ရထားပေါ်သို့ ပြေးတက်စဉ် ပြုတ်ကျ၍ ကြိတ်မိကာသေဆုံး

ပို့စ်တင်ချိန် - 10/03/2013 09:06:00 AM


၁.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မလွှကုန်းဘူတာတွင် လူတစ်ဦး ရထားကြိတ်ခံရပြီး
သေဆုံးနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးလှဌေး(၄၇)နှစ်၊ (ဘ)ဦးတင်လှ သန်လျင်မြို့နယ်နေသူဖြစ်ပြီး လည်ပင်းပြတ်ကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၂၄၅အချိန်ခန့်က မလွှကုန်းဘူတာသို့ စပ္ပါယ်အမှတ် (၆) မြို့ပတ်ရထား၊ စက်ခေါင်းအမှတ် DF- 1230 မှာ မောင်းနှင်ဝင်ရောက်လာစဉ် ရထားပေါ်သို့ ပြေးတက်ရာမှ ပြုတ်ကျကာ ရထားကြိတ်မိသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၃၀/၂၀၁၃)ဖြင့် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police