ပေါက်ကွဲမှုများ ရှိနေသော်လည်း ဆီးဂိမ်းအတွက် မစိုးရိမ်ဟု ပြည်ထောင် စု ဝန်ကြီးပြော

ပို့စ်တင်ချိန် - 10/14/2013 03:59:00 PM


ရန်ကုန် ၊ အောက်တိုဘာ ၁၃ ။ ။ ဆီး ဂိမ်းပြိုင်ပွဲကျင်းပရန် နီးကပ်ချိန် တွင် ပေါက်ကွဲမှုများဖြစ်ပေါ်နေ သော်လည်း ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်၍ စိုးရိမ်စရာအကြောင်း မရှိဟု ပြည်ထောင်စုဝန်ကြီး ဦး အေးမြင့်ကြူက ထုတ်ဖော်ပြော ကြားသည်။

''ဒီလိုမျိုးဖြစ်တိုင်းသာ တွေး ပူနေရင် ဘာမှအလုပ်ဖြစ်မှာမဟုတ် ဘူး။ ဆီးဂိမ်းပြိုင်ပွဲအတွက်လုံခြုံ ရေးအစီအမံတွေကို စနစ်တကျ စီစဉ်ထားပါတယ်''ဟု ၎င်းက ပြော သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် လုံခြုံရေး အစီအမံများ ကို ထားရှိမည်ဖြစ် သော်လည်း ပြိုင်ပွဲလာရောက်သည့် ဖိတ်ကြားခံပုဂ္ဂိုလ်များ၊ အားကစား သမားများ၊ ဒိုင်ဂျူရီ/အုပ်ချုပ် နည်းပြများ၊ မီဒီယာများအနေ ဖြင့် လုံခြုံရေးလည်ဆွဲပြားများ ချိတ်ဆွဲထားရမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ပြည် ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ က ''ပြည်ထောင်စုဖလားပြိုင်ပွဲ မှာ လုံခြုံရေးကတ်တွေ မပါတဲ့ အတွက် လွှတ်တော်အမတ်တွေ တောင် လမ်းလျှောက်ပြီးဝင်ခဲ့ရ တယ်။ ဆီးဂိမ်းပြိုင်ပွဲတွေမှာလုံခြုံ ရေးလည်ဆွဲကတ်တွေက အရေး ကြီးတယ်။ ကျွန်တော်တို့တောင် အင်ဒိုနီးရှားမှာ လုံခြုံရေးလည် ဆွဲကတ်ကို သွားလေရာဆောင် ထားရတယ်''ဟု ၎င်းက ထပ်မံ ပြောသည်။

ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား များနှင့် ပြိုင်ပွဲကာလ တစ်လျှောက် တွင် လာရောက်မည့်သူများအ နေဖြင့် လုံခြုံရေးလည်ဆွဲကတ် ပါရှိပါက သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများ၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်သော်လည်း ပြည် ထောင်စုဖလားပြိုင်ပွဲကဲ့သို့ တင်း တင်းကျပ်ကျပ် အစစ်အဆေးခံရ မည်မဟုတ်ကြောင်း သိရသည်။

''ပြိုင်ပွဲကိုလာရောက်တဲ့ ပရိသတ်တွေအနေနဲ့ ကွင်းထဲကို သယ်ဆောင်လို့ မရတဲ့ ပစ္စည်းတွေ ကို အပြင်မှာထားရမယ်။ ပါလာ တဲ့ပစ္စည်းတွေကို စစ်ဆေးတဲ့အခါ ဖွင့်ပြရမယ်။ VIP အပေါက်က ဝင်ရင်လဲ အခုလိုမျိုးဆောင်ရွက် မှာဖြစ်ပါတယ်''ဟု ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကျင်းပရေးကော် မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။

အောက်တိုဘာ၁၁ရက် ည ပိုင်းတွင် တောင်ငူမြို့တွင် ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဖြူးမြို့နယ်ဆက်သွယ်ရေး ရုံးစာတိုက်ရှေ့တွင် ဗုံးတွေ့ရှိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
Yangon Media Group
ညီသစ်လူ