အငှားယာဉ်တစ်စီး အုတ်ခုံအားတိုက်မိ၍ ယာဉ်မောင်းပါ ခရီးသည်(၈)ဦးဒဏ်ရာရရှိ

ပို့စ်တင်ချိန် - 10/28/2013 07:20:00 PM


ရန်ကုန်၊ အောက်တိုဘာ ၂၈

၂၈.၁၀.၂၀၁၃ရက်နေ့ ၀၂၃၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း ယာဉ်မောင်း ၀င်းထွဋ် (ဘ)ဦးကျော်သန်း၊ တာမွေမြို့နယ်နေသူ မောင်းနှင်လာသော ၇င/----၊ ဒိုင်ဟတ်စု (အဖြူရောင်)အငှားယာဉ်သည် အုတ်ပုံဆိပ်တံတားထိပ်အရောက် လမ်းလယ်ရှိ အုတ်ခုံအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်နှင့်အုတ်ခုံပျက်စီးသည့်အပြင် ယာဉ်မောင်း ၀င်းထွဋ်နှင့် ယာဉ်ပေါ်ပါခရီးသည် (၇)ဦးတို့တွင် ပွန်းပဲ့၊ စုတ်ပြဲနာကျင်ဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံကြီးတွင် အတွင်းလူနာများ(မစိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ယာဉ်မောင်း ၀င်းထွဋ်အား မြောက်ဥက္ကလာပမြို့မရဲစခန်းယာဉ်(ပ)၅၀/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police