ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒီနေ့ည ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းက ဝင်ဘေလကွင်းမှာ မွန်တီနီဂရိုနဲ့ ကစားရမယ်

ပို့စ်တင်ချိန် - 10/11/2013 06:45:00 PM


ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒီနေ့ည ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းက ဝင်ဘေလကွင်းမှာ မွန်တီနီဂရိုနဲ့ ကစားရမှာပါ၊

အင်္ဂလန်ဟာ အုပ်စု ပထမနေရာမှာ ရှိနေပေမယ့် အောက်က ယူကရိန်း၊ မွန်တီနီဂရိုတို့နဲ့ တစ်မှတ်သာ ကွာတဲ့အတွက် ခြေစစ်ပွဲအောင်ဖို့ အနိုင်ကစားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းမှာ နောက်ခံလူ အက်ရှလေကိုးလ်ကလွဲလို့ တခြား ဒဏ်ရာရထားသူ မရှိဘဲ တိုက်စစ်မှာတော့ ဝိန်းရူနီနဲ့ လီဗာပူးက ဒင်နီရယ် စတားရစ်ခ်ျတို့ကို ပွဲထုတ်နိုင်ဖွယ် ရှိနေပါတယ်။BBC Burmese