ထားဝယ်တွင် သီတဂူအလင်းပေး

ပို့စ်တင်ချိန် - 10/22/2013 04:32:00 PM




ထားဝယ်-အောက်တိုဘာ၂၂
သီတဂူဆရာတော်ဒေါက်တာအရှင်ဥာဏိသရ၏စီစဉ်မှုအရ အမေရိကန်နိုင်ငံ Global Community Service Foundation(GCSF)USA
အဖွဲ့၏ကူညီပံ့ပိုးမှုတိုဖြင့် Dr.Wienken Kevin Paul ဦးဆောင်သော အမေရိကန်မျက်စိအထူးကုဆရာဝန်အဖွဲ့သည်
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့သို့အောက်တိုဘာ၂၁ရက်နံနက်ပိုင်းတွင်ရောက်ရှိပြီး
သီတဂူအာရောဂျဒါနဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များအားကုသမှုပေးနိုင်ရန်ဆောင်ရွက်ကြောင်းသိရသည်။
မျက်စိဝေဒနာကုသရနို့အောက်တိုဘာ၂၁ရက့်နံနက်ပိုင်းအထိ စာရင်းပေးသွင်းထားသူ ၆၂၄ ဦးရှိရာ
အောက်တိုဘာလ ၂၂ ရက်မှ၂၅ ရက်အထိ ကုသပေးရန်စီစဉ်ထားကြောင်း သိရသည်။
မျက်စိဝေဒနာ စမ်းသပ်မှုများကို အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ဆောင်ရွက်ပေးလျက်ရှိပြီး မျက်မှန်လိုအပ်သူများကို ဖိုးသီးချို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးက အခမဲ့လှူဒါန်းကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal