ရှန်ဟိုင်းမှ ပဟေဠိဆန်သော အဖော်အချွတ်မယ်ကို ရဲတပ်ဖွဲ့ စတင်စုံစမ်း

ပို့စ်တင်ချိန် - 10/14/2013 12:15:00 PM



Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။

တရုတ်နိုင်ငံရှိ အင်တာနက် အသုံးပြုသူများကြား အမျိုးမျိုး ဝေဖန်မှုများ ဖြစ်ပေါ်နေစေသည့် ရှန်ဟိုင်း အဖော်အချွတ်မယ်ကို မြို့တော် ရဲတပ်ဖွဲ့က စတင်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။ သူမ၏ ဓာတ်ပုံများသည် တရုတ်ရှိ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့လာသော်လည်း ယင်းမိန်းကလေး မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူမနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များကို မည်သူမျှ တိတိကျကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။ လူအများရှေ့တွင် အဝတ်အစားများကို လှစ်ပြတတ်သည့် ပဟေဠိဆန်သော မိန်းကလေးကို ယခုအခါ ရှန်ဟိုင်းရဲတပ်ဖွဲ့က အလေးအနက် စုံစမ်းမှု စတင်နေပြီဟု သိရသည်။


ပထမဆုံး သူမ၏ ဓာတ်ပုံများ အင်တာနက်ပေါ် ရောက်လာချိန်က အရက်မူးနေသည့် မိန်းကလေးတစ်ဦး အဆင်ခြင်မဲ့ ပြုမူသည်ဟု ယူဆခဲ့ကြသော်လည်း သီတင်းပတ် အတော်များများ ကြာလာသည်အထိ ဓာတ်ပုံအသစ်များ ပေါ်ထွက်နေသည့်နောက် လူပြောများသည့် သတင်းတစ်ခု ဖြစ်လာခဲ့သည်။ ဓာတ်ပုံတစ်ခုတွင် လူအများ သွားလာနေသည့် ဟန်ရှန်လမ်းမပေါ်၌ ကင်မရာဘက်သို့ လှည့်ကာ အဝတ်အစားများကို လှစ်ပြနေသည့် မိန်းကလေး၏ ပုံရိပ်ကို တွေ့နိုင်သည်။ ထို့နောက်ပိုင်းတွင် ရှင်တီယန်ဒီနှင့် ဘွန်းဧရိယာများ၌ပါ ညဘက်ထွက်၍ အဝတ်အစားများ ချွတ်ပြသည့် မိန်းကလေး၏ ဓာတ်ပုံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။


ရှန်ဟိုင်း ရဲတပ်ဖွဲ့သည် နောက်တစ်ကြိမ် လူအများရှေ့သို့ ထိုအမျိုးသမီး ထွက်ပေါ်မလာမီ သူမကို အတည်ပြု ဖော်ထုတ်နိုင်ရန် တစ်မြို့လုံးအနှံ့ ရှာဖွေမှုများ ပြုလုပ်နေသည်။ သို့သော်လည်း သူမ၏ သတင်းကို လုံးဝဥဿုံ အစအန မရသေးဘဲ ရှိနေကြောင်း သိရသည်။ အင်တာနက်တွင် ရှန်ဟိုင်းမှ အဖော်အချွတ်မယ်သည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေသူဟု အများစုက လက်ခံထားပြီး သူမကို ကူညီနေသည့် ဓာတ်ပုံသမား တစ်ဦးလည်း ရှိနိုင်သေးကြောင်း ဆွေးနွေးနေကြသည်။ တရုတ် အင်တာနက် လုံခြုံရေး တာဝန်ရှိသူများကလည်း ဓာတ်ပုံများ စတင်လာသည့် ရင်းမြစ်ကို ရဲတပ်ဖွဲ့နှင့်အတူ ကူညီ ရှာဖွေပေးနေကြောင်းလည်း သိရှိရသည်။