အင်တာနက်ကိုအသုံးချ၍ ဂုဏ်ကျက်သရေထိခိုက်စေရန်ပြုလုပ်သူအား အရေးယူထား

ပို့စ်တင်ချိန် - 10/28/2013 08:57:00 AM


နေပြည်တော်၊ အောက်တိုဘာ ၂၇

မကွေးမြို့မရဲစခန်း(ပ)၁၃၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆/၅၀၀/၅၀၆ အမှုမှတရားခံ မကွေးမြို့၊ ကန်သာရပ်ကွက်နေ စိုးလွင်(၄၂)နှစ်သည် မxxxxအား သားမယားအဖြစ်ဆက်ဆံခဲ့သည့် ဗွီဒီယိုပုံများကို အီလက်ထရောနစ် နည်းပညာဖြင့်ပြုပြင်၍ မ----၏ ဂုဏ်ကျက်သရေကို ထိခိုက်စေရန် အကြံဖြင့် အင်တာနက်မှတဆင့်ပေးပို့ထုတ်လွှင့်ပြသခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စိုးလွင်အား ၂၆-၁၀-၂၀၁၃ ရက်နေ့တွင် မကွေးမြို့မရဲစခန်းမှ (ပ)၂၁၃/၂၀၁၃၊အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄(ဃ) ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
Popular Myanmar News Journal