ဗဟိုဘဏ် ၊ မြန်မာ့အသံ နှင့် သဘာဝဘေး စောင့်ကြည့်စနစ် ထူထောင်ရေး ယန်းသန်းပေါင်း ၃၈၁သန်း ဂျပန်က ကူညီမည်

ပို့စ်တင်ချိန် - 10/26/2013 12:57:00 PM


ရန်ကုန် ၊ အောက်တိုဘာ ၂၅။       ။ ဂျပန် နိုင်ငံမှ ဗဟိုဘဏ်၊ မြန်မာ့အသံ၏ စက်ပစ္စည်းနှင့် သဘာဝဘေးအ န္တရာယ်ဆိုင်ရာ အကူအညီများ အတွက် ယန်းသန်းပေါင်း ၃၈၁ သန်း အကူအညီပေးသွားမည်ဖြစ် ကြောင်း အမျိုးသား စီမံကိန်း နှင့် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုဝန် ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အိုင်စီတီ နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များအတွက် ယန်းသန်း ၅ဒသမ၁သန်း၊ သဘာဝဘေးအန္တ ရာယ်ကြောင့် ပေါ်ပေါက်လာမည့် ရာသီဥတုအခြေအနေများ အ တွက် စောင့်ကြည့် စနစ်ထူထောင်ရန် စီမံချက်များအတွက် ယန်း သန်း၂၃၁သန်းနှင့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားအစီအစဉ်များ တည်းဖြတ်ခြင်းဆိုင်ရာ စက်ပစ္စည်း ကိရိယာများကောင်းမွန်ရေး စီမံ ချက်အတွက် ယန်းသန်း၈၁ဒသမ ၉သန်း အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား စီမံကိန်းနှင့်စီး ပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး က ''ဒီနေ့ နံနက်ပိုင်းက နေပြည် တော်မှာ လက်မှတ်ထိုးတယ်။သက်ဆိုင်ရာဌာနအလိုက် အကူ အညီပေးတဲ့သဘောပါ။ အရင် တုန်းကပေးထားတဲ့ အကူအညီ တွေလဲ ရှိပါတယ်''ဟု ပြောသည်။ ဂျပန်နိုင်ငံအနေဖြင့် ယင်း ကဲ့သို့ အကူအညီပေးရေးစာချွန် လွှာလက်မှတ်ရေးထိုးပွဲကို အောက် တိုဘာ၂၅ရက်က နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာနရုံးတွင် ပြု လုပ်ခဲ့ကြောင်း သိရသည်။

ယင်းက ''နှစ်နိုင်ငံအစိုးရ ချင်းအကူအညီပေးရေး စာချွန် လွှာလက်မှတ်ရေးထိုးတာပါ။ အခု လက်မှတ်ရေးထိုးတာကတော့ စာ ချွန်လွှာ နံပါတ်၁၀၊ ၁၁နဲ့ ၁၂အရ လက်မှတ်ရေး ထိုးတာဖြစ်ပါတယ်'' ဟု ထပ်မံပြောသည်။ ဂျပန်နိုင်ငံမှ အကူ အညီ ပေး သည့် သဘောတူ စာချုပ်များအရ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များ အဆင့်မြှင့်တင် ရန်နှင့် ထုတ်လွှင့်မှုဆိုင်ရာ စက် ပစ္စည်းများတပ်ဆင်ရေး စီမံကိန်း များတွင် Software နှင့်  Hardware အတွက် ကူညီသွားမည်ဖြစ်ပြီး ဂျပန် နိုင်ငံ ၏ လူကြိုက်အများဆုံး ရုပ်သံလိုင်းများကို ပေးသွားဖြစ် ကြောင်း သိရသည်။

ယင်းအပြင် ပြည်တွင်းဘဏ် လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးလုပ် ငန်းများအတွက် ဗဟိုဘဏ်လုပ် ငန်းများတွင် အိုင်စီတီနည်းပညာ များ တပ်ဆင်ရေးစီမံကိန်းများ တွင် အကူအညီပေးသွားမည်ဖြစ် ပြီး သဘာဝဘေးအန္တရာယ်ဆိုင် ရာအကူအညီ ပေးမှု တွင် မြန်မာ နိုင်ငံ၏ မိုးလေဝသသတင်းအ ချက်များကိုရရှိနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး