ခန္ဓာကိုယ်အတွက် လိုက်ဖက်တဲ့ဂျင်း

ပို့စ်တင်ချိန် - 10/25/2013 09:00:00 AM


ဂျင်းတွေကို အသွင်အမျိုးမျိုးနဲ့ ဖန်တီးချုပ်လုပ်ကြပါတယ်။ Skinny Jean တွေက ကိုယ်နဲ့ လိုက်ဖက်ပေမဲ့ တခြားသူဝတ်တဲ့အခါ အတော်အကြည့်ရဆိုး တာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်က ဂျင်းအပွနဲ့ လိုက်ဖက်ပေမဲ့ သူများနဲ့လိုက်ချင်မှလိုက်မှာပါ။ ဒါ့ကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဂျင်းတွေကို ရွေးချယ်ဝယ်ယူနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားရတော့မယ် မဟုတ်ပါလား။ ဒါ့ကြောင့် ဂျင်းနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေကို ညွှန်ပြပေးလိုက်တယ်နော်။

အောက်ကားဂျင်းဘောင်းဘီ
ဒီလိုဘောင်းဘီမျိုးက ခန္ဓာကိုယ်အချိုးအစားကို ပိုမိုပြေပြစ်စေပါတယ်။ အောက်ပိုင်းကအပွဖြစ်နေတဲ့အတွက်ကြောင့် ခြေသလုံးသေးလွန်းတဲ့သူတွေ အတွက် အရမ်းကိုအဆင်ပြေစေမှာဖြစ်ပါတယ်။ ပြီးတော့ အောက်ခြေပိုင်း ကျယ်ပြီး ပွနေတာကြောင့် ပေါင်တုတ်တဲ့သူ၊ တင်ကားတဲ့သူတွေအတွက်ပါ ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။အောက်ပိုင်းပွပွ ဂျင်းဘောင်းဘီမျိုးက ခေတ်နောက်ပြန်ဆွဲတဲ့ အသွင်မျိုးဖြစ်ပေမဲ့ ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေတာတော့ အမှန်ပါ။

ခါးအပေါ်ပိုင်း ဗိုက်ပေါ်အထိ ၀တ်ရသော ဂျင်းဘောင်းဘီ
ယနေ့ခေတ်စားနေတဲ့ ခါးအပေါ်ပိုင်း ဗိုက်ပေါ်အထိဝတ်ရတဲ့ ဂျင်းဘောင်းဘီတွေက ခြေထောက်ရှည်သွယ်ပြီး ပိန်သွယ်တဲ့သူမျိုးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ခါးသေးတဲ့သူမျိုးနဲ့ဆိုရင်တော့ လိုက်ဖက်မှုက ပြောစရာကိုမရှိနိုင်တော့ဘူးပေါ့။

တည့်ပွဂျင်းဘောင်းဘီ
ဒီလိုဂျင်းဘောင်းဘီတွေကို နည်းလမ်းမျိုးစုံနဲ့ ၀တ်လို့ရတဲ့အတွက် စတိုင်အမျိုးမျိုး ပြောင်းလဲလို့ရပါတယ်။ ကိုယ့်အနေနဲ့ Skinny ဂျင်း အကျပ်လေးတွေကို ၀တ်ဆင်ရတာစိတ်မသက်သာဘူးလို့ထင်ရင်တော့ အခုလို တည့်ပွဂျင်း ဘောင်းဘီမျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ပွပွချောင်ချောင် ဂျင်းဘောင်းဘီ (BoyFriend Jean)
ဆိုင်လွန်ပွပွချောင်ချောင် ဂျင်းဘောင်းဘီလေးတွေက ဒေါက်မြင့်ဖိနပ် ချွန်ချွန်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် အရမ်းကို ချစ်စရာကောင်းတဲ့ အသွင်ကို ပေးစွမ်းမှာဖြစ်ပါတယ်။ ခြေထောက်တိုတဲ့ သူတွေအတွက် ပိုရှည်စေတယ်လို့ ထင်မြင်စေနိုင်ဖို့ အောက်ခြေ နည်းနည်းပိုရှည်တဲ့ ဘောင်းဘီကို ဒေါက်မြင့် ဖိနပ်လေးနဲ့ တွဲဖက် ၀တ်ဆင်နိုင်ပါတယ်။

ချက်ပြုတ်ဝတ်ရသော ဂျင်းဘောင်းဘီ
လွန်ခဲ့တဲ့နှစ်တွေမှာ ခါးအပေါ်ပိုင်းအထိ တက်ဝတ်ရတဲ့ ဂျင်းတွေ ခေတ်စားနေတာကို မြင်တွေ့ရပေမဲ့လည်း ချက်ပြုတ်ဂျင်းဘောင်းဘီတွေ ကတော့ ခါးရိုးတိုတဲ့သူတွေ ရွေးချယ်နေကြတဲ့ အမျိုးအစားတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

Skinny ဂျင်းအကျပ်လေးများ
Skinny ဂျင်းလေးတွေကိုလည်း စတိုင်အမျိုးမျိုးပြောင်းလဲပြီး ၀တ်လို့ရပါတယ်။ ပိုမိုသွယ်လျတဲ့အသွင်မျိုးကို ရချင်တယ်ဆိုရင် အရောင် ရင့်ရင့်ကို ရွေးချယ်နိုင်ပါတယ်။ အလွန်သေးတဲ့ ခြေသလုံးလေးတွေနဲ့ ပေါင်တုတ်တုတ်လေးတွေကို ဖုံးကွယ်ပြီး အသွင်အပြင်ကို ပြေပြစ်စေ ဖို့အတွက် ဒူးခေါင်းအထိအရှည် ဘွတ်ဖိနပ်မျိုးနဲ့ တွဲဖက်ဝတ်ဆင်ရပါမယ်။ ဒေါက်ဖိနပ် တစ်ရန်နဲ့လည်း အလွယ်တကူ တွဲဖက်ဆင်မြန်း နိုင်ပါသေးတယ်။

သူသူဟန်(အင်တာနက်)

M Plaza Shopping Journal (Vol 1, No 19 )