မိုးစက်ကရှမ်းမြန်မာတရုတ်ပါ

ပို့စ်တင်ချိန် - 10/14/2013 09:24:00 AM


SUNDAY, OCTOBER 13, 2013

မြန်မာပြည်ကို ကိုယ်စားပြုပြီး ဒီနှစ်အတွက် မယ်စကြာဝဠာသရဖူ ရယူဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်က သူ ဘာလူမျိုးလဲ ဆိုတာကို သူ့ဖေ့စ်ဘုတ်မှာ မနေ့က ကြေညာလိုက်ပါတယ်။

သူဟာ မြန်မာပြည်သားစစ်စစ်ဖြစ်တယ်၊ ရန်ကုန်သူ၊ လူမျိုးကတော့ "ရှမ်းမြန်မာတရုတ်" လို့ ဆိုပါတယ်။

အပြည့်အစုံကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။


မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်... အားလုံး သိချင်နေကြတဲ့အကြောင်းလေးတစ်ခုကို မိုးစက်ရှင်းပြပါရစေ, မိုးစက်ကရှမ်းမြန်မာတရုတ်ပါ.. မိုးစက်မိဘများက ရှမ်းပြည်မှာမွေးတာပါ... မိုးစက်က ရန်ကုန်မှာမွေးတာပါ...ထို့အတွက်ကြောင့် မိုးစက်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်... တရုတ်ပြည်မှာလည်းပြိုင်ပွဲမဝင်ဘူးပါ.. ကုန်သည်ကြီးများအသင်းနှစ်၁၀၀ပြည့် အထိမ်းအမှတ်အတွက်Trader hotel တွင် ကျင်းပတဲ့ပွဲတစ်ခုတည်းသာပါဝင်ဖူးပါသည်။ မိဘပြည်သူများကို မိုးစက်အနေဖြစ်ဤမျှသာ ရှင်းပြလိုပါသည်။ ချစ်ခင်လေးစားရသော မိဘပြည်သူများအားလုံး အားရကျေနပ်နိုင်မည်ဟုမျှော်လင့်ပါသည်....
ကျေးဇူးတင်ပါတယ်ရှင်
မိုးစက်ဝိုင်



ဒီပုံက မနေ့တုန်းက ရိုက်ကူးထားတာဖြစ်တယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

အပေါ်ဆုံးကပုံကတော့ မယ်စကြာဝဠာပြိုင်ပွဲကျင်းပတဲ့အဖွဲ့ရဲ့ ၀က်ဆိုက်မှာ ဒီကနေ့ တက်လာတဲ့ပုံ ဖြစ်ပါတယ်။