လူနာအခြေအနေကို အွန်လိုင်းကနေ စောင့်ကြည့်မယ်

ပို့စ်တင်ချိန် - 10/21/2013 08:31:00 AM

ကမ္ဘာပေါ်မှာ လူနာ အမျိုးမျိုး ရှိပါတယ်။
ကျန်းမာရေး ဒေါင်ဒေါင်မြည် မဟုတ်ဘူး ဆိုရင် ကိုယ်ဟာ ဘယ်လိုလူနာမျိုး ဖြစ်မလဲ။

သွေးပေါင်ချိန်၊ သွေးချို၊ သွေးခုန်နှုန်း အစရှိတာတွေ အဆက်မပြတ် တိုင်းနေရပြီး ထူးခြားတာနဲ့ အထူးကုဆီကို ပြေးရမယ့် လူနာမျိုးလား။  

လူနာရဲ့ အခြေအနေကို မိသားစုဝင်တွေ၊ သက်ဆိုင်ရာ ဆရာဝန်တွေ ချက်ချင်း သိနိုင်ရင် ထိရောက်တဲ့ ကုသမှုပေးဖို့ စီစဉ်နိုင်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မြို့ အိုင်တီပြပွဲတခုမှာ အဲဒီလိုလူနာမျိုးအတွက် လက်ကိုင်ဖုန်းကတဆင့် မိသားစုဝင်တွေ၊ သက်ဆိုင်ရာ ဆရာဝန်တွေ ချက်ချင်း သိနိုင်ရေးအတွက် ကွန်ရက်ချိန်ဆက်ထားတဲ့ Intelligent Mobile Health ဆိုတဲ့ ဝန်ဆောင်မှုတခုကို တွေ့ရပါတယ်။

လူနာရဲ့ အခြေအနေကို မိသားစုဝင်တွေက အွန်လိုင်းကနေ ကြည့်နိုင်မယ်၊ ကျန်းမာရေးဌာနဝန်ထမ်းများနဲ့ဆရာဝန်တို့ကလည်း သိနိုင်မယ် ဆိုပါစို့။

လူနာကိုယ်တိုင် သို့မဟုတ် ဘေးမှာရှိတဲ့တယောက်ယောက်က သွေးပေါင်ချိန်၊ သွေးချို၊ သွေးခုန်နှုန်း အစရှိတာတွေ တိုင်းတာပြီး တယ်လီဖုန်းထဲ အချက်အလက် ထည့်သွင်းနေဖို့တော့ လိုပါလိမ့်မယ်။

ဒီလိုဝန်ဆောင်မှုမျိုးဟာ အခုနောက်ပိုင်း လူပြောများလာနေတဲ့ ကျန်းမာရေးခရီးသွားလုပ်ငန်းရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

ဒီလိုဝန်ဆောင်မှုမျိုးအတွက် တတ်နိုင်တဲ့သူ၊ အကုန်အကျခံနိုင်တဲ့သူတွေ ရှိပါတယ်။

ရှိလို့လည်း ဒီလုပ်ငန်းကြီးတွေ လုပ်နေကြတာမဟုတ်လား။

ဒါကတော့ ... ရန်ကုန်မြို့ အိုင်တီပြပွဲတခုမှာ လာရောက်ပြသတဲ့ မလေးရှားနိုင်ငံ Petaling Jaya, Selangor အခြေစိုက် Ming Medical Services Sdn. Bhd. လုပ်ငန်းရဲ့ ၀န်ဆောင်မှုပါ။

မြန်မာပြည်မှာတော့ ဒီလုပ်ငန်းကို ဆက်စပ်လုပ်ကိုင်နေတဲ့ ကုမ္မဏီဌာနတခုကတော့ Blue Ocean operating management ဖြစ်ပါတယ် တဲ့။
(Blue Ocean  ဆိုတာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဘီဘီစီမြန်မာပိုင်းအသံလွှင့်ဌာနနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ကုမ္မဏီ ဖြစ်ပါလိမ့်မယ်။ ဘီဘီစီ မြန်မာပိုင်း သတင်းတိုတွေကို  မိုဘိုင်းဖုန်းကတဆင့် တရက် ကျပ် ၆၀ နှုန်းနဲ့ နားဆင်နိုင်အောင် ၀န်ဆောင်မှု ပေးခဲ့တဲ့ ကုမ္မဏီလို့ ယူဆရပါတယ်။)

Intelligent Mobile Health ၀န်ဆောင်မှုကနေ ရနိုင်မယ့် အကျိုးကျေးဇူးတွေ၊ ဒီဝန်ဆောင်မှုအတွက် သင့်တော်တဲ့ လူနာ အမျိုးအစားတွေအကြောင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။

irrawaddy