ပြည်သူချစ်မြန်မာ့တပ်မတော်ဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည်ပြော

ပို့စ်တင်ချိန် - 10/26/2013 04:43:00 PM

 ဆင်းဟတ်တက္ကသိုလ်တွင် ဗိုလ်လောင်းများအကြားတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- Sandhurst. Credit: PA

SATURDAY, OCTOBER 26, 2013

ဗြိတိန်ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ရဲ့ ထိပ်တန်း စစ်တက္ကသိုလ်ကြီးဖြစ်တဲ့
တော်ဝင်ဆင်းဟတ် စစ်တက္ကသိုလ်ကို အလည်သွားရောက်ကာ လှည့်လည်ကြည့်ရှုခဲ့ပြီး ဗိုလ်လောင်း
ကျောင်းသား၊ ကျောင်းသူတွေကိုလည်း မနေ့ညနေက မိန့်ခွန်း ပြောခဲ့ပါတယ်။

"မြန်မာစစ်တပ်ကို Professional ( တကယ့်ကို စစ်တပ်ပီသတဲ့ )  တပ်မတော် ဖြစ်စေချင်ပြီး ပြည်သူက ချစ်ခင်တဲ့ တပ်မတော်မျိုး ကျမက ဖြစ်စေချင်တာ" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆင်းဟတ် မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းမှာ ပြောတာမှာ သူဟာ ဆင်းဟတ်စစ်တက္ကသိုလ်မှာ  အခုလို မိန့်ခွန်း ပြောဖို့ မရည်ရွယ်ခဲ့ပဲ စစ်တပ်ပီသတဲ့ အဖွဲ့အစည်းကို ဘယ်လို သင်ကြားသလဲ ဆိုတာ လေ့လာဖို့သာ ဖြစ်တယ်လို့
ပြောခဲ့ပါတယ်။

ဒီလို ဆင်းဟတ်တက္ကသိုလ်မှာ အခုလို မိန့်ခွန်း ပြောဆိုမှုဟာ ပထမဆုံး မြန်မာ့ခေါင်းဆောင်တဦးလည်း ဖြစ် ပါတယ်။

တတိယမြောက် ဥရောပခရီးစဉ်အတွင်း ၅ ရက်တာ ဗြိတိန်အလည်အပတ်ခရီးအတွင်း အခုလို ဆင်းဟတ် စစ်တက္ကသိုလ်မှာ နိုင်ငံတကာက ဗိုလ်လောင်းတွေကို ဘယ်လို စစ်ပညာသင်တန်းတွေ သင်ပေးနေတယ်၊ ဘယ်လို စစ်ဗိုလ်၊ စစ်ဗိုလ်မတွေ မွေးထုတ်နေတယ်ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည် က သေချာ
လေ့လာဖြစ်ခဲ့တယ်လို့ သိရပါတယ်။


Irrawaddy