ကြာသပတေး ဂြိုဟ်နှင့် စနေဂြိုဟ် ပေါ်တွင် စိန်မိုးရွာချ ခဲ့ဖွယ်ရှိဟု သိပ္ပံပညာရှင်များ အခိုင်အမာ ပြောကြား

ပို့စ်တင်ချိန် - 10/12/2013 07:01:00 PM


Saturday, 12 October 2013

ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ် တို့ပေါ်တွင် ကြီးမားသော သမုဒ္ဒရာကြီးများ ဖွဲ့စည်း ဖြစ်ပေါ်နိုင်ရေးအတွက် ကောင်းကင်မှ စိန်မိုးများ ရွာချခဲ့ဖွယ် ရှိကြောင်း သိပ္ပံ ပညာရှင်များက အခိုင်အမာ ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း
တစ်ပုဒ်တွင် ရေးသား ဖော်ပြထားသည်။

ဆိုလာစနစ်တွင် အကြီးဆုံးဂြိုဟ် ကြီးနှစ်လုံးဖြစ်သည့် ဂျူပီတာဂြိုဟ်နှင့် စေတန်ဂြိုဟ်တို့၏ အခြေအနေ များအရ ၎င်းဂြိုဟ်များပေါ်တွင် သမုဒ္ဒရာ ဖြစ်ပေါ်စေရန် စိန်မိုးများ ရွာချနိုင်ဖွယ် ရှိသည်ဟု ရူပနက္ခတ ဗေဒပညာ ရှင်များက တွက်ချက်ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များ၏ပြောကြားချက်အရ ဂြိုဟ်ကြီး နှစ်လုံး၏ လေ ထု အတွင်း၌ ဖြစ်ပေါ်လာသည့် အင်အားပြင်းသော မိုးကြိုး မုန်တိုင်းများသည် ကာဗွန်မှုန်များကို ဖြစ်ပေါ်စေပြီး ယင်းကာဗွန် မှုန်များ သည် လေထု အတွင်းရှိ ဓာတ်ငွေ့များ နှင့် ဓာတ်ပြုပြီးနောက် စိန်ခဲများကို ဖြစ်ပေါ်စေကြောင်း၊ ထို့နောက် ယင်းစိန်ခဲများသည် ဂြိုဟ်ကြီးများ၏ ပတ်ဝန်းကျင် အခြေအနေကြောင့် နောက်ဆုံးတွင် အရည်ပျော် ကျကာ စိန်မိုးများ အဖြစ် ရွာသွန်းနိုင်ဖွယ် ရှိကြောင်း၊ ထိုမှတစ်ဆင့် သမုဒ္ဒရာ ဖြစ်ပေါ် လာနိုင်ဖွယ်ရှိကြောင်း ဝစ်ကွန်စင်- မက်ဒီဆန် တက္ကသိုလ်မှ ဒေါက်တာ ကီဗင်ဘိန်းစ်က ပြောကြားသည်။

ထို့ကြောင့် ဂျူပီတာဂြိုဟ်နှင့် စေတန် ဂြိုဟ်တို့သည် မိန်းကလေးများ၏ အကောင်းဆုံး မိတ်ဆွေ ဖြစ်နိုင်ဖွယ်ရှိ သည်ဟု သိပ္ပံ ပညာရှင်များက ပြောကြားသည်။