မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများပပျောက်ရေးအတွက် ဆန္ဒဖေါ်ထုတ်

ပို့စ်တင်ချိန် - 10/11/2013 09:32:00 AM


ရန်ကုန်၊ အောက်တိုဘာ ၁၀

၁၀.၁၀.၂၀၁၃ရက်နေ့ ၁၉၅၀အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊
့ပြန်လည်နေရာချထားရေးရပ်ကွက်၊ ကြူစမ်းရွာသစ်နေ ဦးထွန်းလွင်မှ ဦးဆောင်၍ ပြည်သူ (၈၀)ဦးခန့်သည် ပြန်လည်နေရာချထားရေးရပ်ကွက်၊ သီတာရုံပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးအတွက် ရည်ရွယ်၍ တရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ စုဝေးဟောပြော ရှုတ်ချဆန္ဒဖေါ်ထုတ်ခဲ့ရာ ဒေါ်ကြည်ကြည်ဝင်းနှင့်
ဒေါ်ခင်အိလှတို့မှ မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများ လျော့နည်းကျဆင်းရေး အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပြီး ပြည်သူများမှ သတ်မှတ်ဆိုင်းဘုတ်များနှင့်ကြွေးကြော်သံများကိုင်ဆောင်ကြွေးကြော်ကာ ၂၀၃၀အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။
Yangon Police