ဈေးဝယ်ထွက်ချိန် ကလေးငိုရတဲ့ အကြောင်းအရင်း

ပို့စ်တင်ချိန် - 10/25/2013 11:33:00 AM


အိမ်ထောင်ရှင်မိခင်တွေအတွက် ကိုယ့်ရဲ့ရင်သွေးလေးနဲ့အတူ ဈေးဝယ်ထွက်ရတာကို ပျော်စရာကောင်းသလို မိသားစုဘ၀အစစ်အမှန်ကို ခံစားရပြီး နွေးထွေးမှုလည်းရှိပါတယ်.. ချီပိုးသွားရတဲ့ ကလေးအရွယ်နဲ့ အတူတကွ ဈေးဝယ်ထွက်ရင် ဈေးဝယ်နေရင်း ကလေးငိုလာချိန်မှာတော့ ဘာ့ကြောင့်ငိုတာလဲဆိုတာကို သိရဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့ အချက်အချို့ကို စာဖတ်ပရိသတ်များအတွက် တင်ပြလိုက်ပါတယ်.။

(၁) Diaper ကိုစစ်ဆေးပါ
အိမ်ကနေထွက်လာတုန်းက ၀တ်ဆင်ပေးထားတဲ့ Diaper ဟာ အချိန်ကြာလာရင် စိုလာတာတို့ ဖြစ်တတ်ပါတယ်.. အချို့ကလေးလေးတွေက Diaper စိုနေရင် မနေတတ်ပဲ ငိုတတ်ပါတယ်.. Diaper ကြောင့်ငိုတာဆိုရင် Diaper ကိုစစ်ဆေးလဲလှယ်ပြီးတဲ့ အခါမှာ ကလေးအငိုတိတ်သွားပါလိမ့်မယ်..

(၂) ဒဏ်ရာရသွားတာလား စစ်ဆေးကြည့်ပါ
ကလေးကို ကိုယ်ကချီထားပေမယ့် တစ်ခါတလေ ကိုယ်သတိမထားမိ တဲ့အချိန်မှာ ကလေးက တစ်ခုခုနဲ့ထိခိုက်သွားမိ တတ်ပါတယ်.. စင်ပေါ်မှာ ရှိတဲ့ ပစ္စည်းတစ်ခုခုကို ဆွဲမိလိုက်တာတို့ အခြားတစ်ယောက်ယောက်နဲ့ ကလေးရဲ့ လက် ၊ခေါင်း၊ ခြေထောက်အစရှိတဲ့ နေရာတွေကို မတော်တဆတိုက်မိသွားတတ်တာမို့ ကလေးဟာ ထိခိုက်မိသွားတဲ့ ဒဏ်ရာ ကြောင့် နာကျင်လို့ ငိုတာလား ဆိုတာ စစ်ဆေးကြည့်စေချင်ပါတယ်..

(၃) တစ်ယောက်ယောက်က စနောက်လိုက်တာလား
အနားကဖြတ်သွားတဲ့ သူတစ်ယောက်က ကလေးချစ်လို့ဆိုပြီး စနောက်သွားတာမျိုးတွေ ရှိတတ်ပါတယ်.. တွေ့လိုက်ရတဲ့ သူဟာ မျက်နှာစိမ်းတာမျိုး ..ရုတ်တရတ်လန့်သွားတာမျိုးဆိုရင် ကလေးက လန့်သွားတတ်ပါတယ်..ကြောက်လန့်စိတ်ဖြစ်ပြီး ငိုသွားတတ်တာမို့ တစ်ယောက်ယောက်ကများ ကလေးငိုအောင် စလိုက်သလား ဆိုတာ စူးစမ်းကြည့်ပါ..

(၄) ဗိုက်ဆာလို့လား
ကလေးတွေဟာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဗိုက်ဆာရင်လည်း ငိုတတ်ပါတယ်.. Diaper ကြောင့်လား .. အခြားသူတစ်ဦးဦးကြောင့်လား အစရှိတာတွေကို စစ်ဆေးကြည့်လို့မဟုတ်ဘူး ဆိုရင်တော့ ကလေးက ဗိုက်ဆာလို့ ငိုတာပါ ..ဒါကြောင့် ကလေးအတွက် အသင့်ဖျော်လာတဲ့ နို့ဘူးကို တိုက်လိုက်ရင် ကလေးအငိုတိတ်သွားပါလိမ့်မယ်..

(၅) ပင်ပန်းပြီး အိပ်ချင်လို့လား
ကိုယ်ကဈေးဝယ်ထွက်ချိန် ကလေးကို ခေါ်လာတဲ့အတွက် ကိုယ်နဲ့အတူ ဈေးဝယ်ထွက်ရလို့ ပင်ပန်းတတ်ပါတယ်..တချို့ကလေးလေးတွေက အိပ်ချင်ရင် ချီထားတဲ့ မိခင်ရဲ့ ပခုံးမှာ မှီပြီး အိပ်တတ်ပေမယ့် တချို့ကလေးလေးတွေကျတော့ အိပ်ချင်လာရင်ပဲဖြစ်ဖြစ် အိပ်ခါနီးရင်ပဲ ဖြစ်ဖြစ်ဂျီကျတတ်ပါတယ်.. မိခင်ဖြစ်သူက ကိုယ့်ရဲ့ကလေးအနေအထားကို သိရှိတဲ့သူဖြစ်ပါတယ်.. ကလေးဟာ အခြားအကြောင်းအရာကြောင့် ငိုတာလား ..ပင်ပန်းပြီး အိပ်ချင်လို့ ငိုတာလား ဆိုတာ မိခင်ဖြစ်သူက ခြွဲ့ခားသိသူမို့ တကယ်လို့ ကလေးအိပ်ချင်နေတယ်ဆိုရင် တော့ ကလေးသက်တောင့်သက်သာ အိပ်စေဖို့အတွက် စီမံပြီး ကလေးအငိုတိတ်အောင် လုပ်ရပါတော့မယ်..

မြနေရိပ်သွင်

M Plaza Shopping Journal (Vol 1, No 19 )