မလေးရှားရောက်မြန်မာအမျိုးသမီးတစ်ဦး ရက်စက်စွာတိုက်ခိုက်ခံရ (အကူအညီအထူးလိုအပ်)

ပို့စ်တင်ချိန် - 10/23/2013 08:49:00 AM



17.10.2013 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အမ်ပန်းဆေးရုံကြီးအနောက်ဘက် ၊ ပန်းဒန်းမယ်ဝ တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာအမျိုးသမီးတစ်ဦး ဖြစ်သည့် မဝေမာလင်း နှင့် အခြားအမျိုးသမီးတစ်ဦးလုပ်ငန်းခွင် အတွင်းစကားအခြေအတင်များကြရာမှ အခြားအမျိုးသမီးတစ်ဦးမှမကြေမနပ်ဖြစ်ကာ အမျိုးသား ၅ ဦးအား အကြမ်းဖက်တိုက်ခိုက်ရန် စေခိုင်းခဲ့ပြီး 18.10.2013 နေ့တွင် မဝေမာလင်း နှင့် သူမ၏ အမျိုးသားအလုပ်မှအပြန် စောင့်ဆိုင်းကာ အကြမ်းဖက်တိုက်ခံစေခဲ့ကြောင်းသိရပါသည် ။

ထိုသို့အခြားအမျိုးသမီးတစ်ဦးဖြစ်သူမှ စေခိုင်းမှုကြောင့် မဝေမာလင်းနှင့် သူမ၏အမျိုးသား မောင်အောင်ဇော်ဝင်း တို့မှာ လူ ၅ ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ကြပါသည် ။

ထို့အတူ အဆိုပါ မှုခင်းဖြစ်မှု့အတွက် မလေးရှား ရဲမှ ဓားဖြင့်ခုတ်သူထဲမှ တစ်ဦးအပါအဝင် ခုတ်ရန်စေခိုင်းသူ နှင့်ပါဝင်ပတ်သက်သူ တရားခံအချို့ကို ဖမ်းဆီးထားခဲ့ပြီးဖြစ်ကြောင်းသိရသည် ။ ကျန်ရှိသူများကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်းသိရသည် ။

ထို့အတူ မြန်မာသံရုံးမှတာဝန်ရှိသူများ မှာထိုဖြစ်ရပ် အတွက်ဆောင်ရွက်လျှက်ရှိပြီး အမ်ပန်းဆေးရုံးသို့သွားကာ မဝေမာလင်း နှင့်မောင်အောင်ဇော်ဝင်းတို့အား သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်းသိရသည် ။

တိုက်ခံခိုက်ရသူ မဝေမာလင်းမှာ လက် တစ်ဘက်လုံးဝပြတ်ထွက် ၊ အခြားလက်တစ်ဘက် ၉၀% ပြတ်ထွက် (ပြန်ချုပ်ပြီး) ၊ ဦးခေါင်း တွင် ဓားဖြင့် ၂ ချက် အခုတ်ခံရ (ချုပ်ချက်များစွာ) ၊ ပါး ၂ ဘက်ဓားဖြင့်ခုတ်ခံရ ဒဏ်ရာကြီးမား (မေးရိုးပြုတ်ထွက် အလူမီနီယံအစားထိုးရမည်) ကာဆိုးဝါးစွာဒဏ်ရာရရှိခဲ့ပါသည် ။

မောင်အောင်ဇော်ဝင်းမှာမူ ပြန်လည်ခုခံ သောကြောင့် တင်ပါးတွင် ဒဏ်ရာရရှိသည်မှလွဲပြီး ကြီးမားသော ဒဏ်ရာမရရှိခဲ့ပါ ။

မဝေမာလင်း ၊ မောင်အောင်ဇင်ဝင်း ၂ ဦးလုံး ကွာလာလမ်ပူ ၊ အမ်ပန်းဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိပြီး မဝေမာလင်းအတွက် အရေးပေါ်အနေဖြင့် မေးရိုးဆက်ရန် အလှူမီနီယံ အစားထိုးရမည်ဖြစ်ပြီး မလေးငွေအများအပြား ကုန်ကျခံရမည်ဖြစ်သည် ။

လောလောဆယ် မေးရိုး အစားထိုးရန်အတွက် တစ်ဘက်လျှင် ရင်းဂစ် ၂၀၀၀ ကျော် ၂ ဘက်စာ အတွက် ၄၀၀၀ ကျော်အား မပေးနိုင်ပဲရှိနေပါတယ် ။ မဝေမာလင်းအတွက် အလှူငွေလိုအပ်လျှက်ရှိသည် ။

သို့ပါသောကြောင့် မလေးရှားရောက် မြန်မာများအနေဖြင့် တစ်သက်စာ လူကောင်းပြန်မဖြစ်နိုင်တော့မည့် မဝေမာလင်းအား တတ်နိုင်သလို တတ်အားသရွေ့ ကူညီနိုင်ပေးကြပါရန် မဝေမာလင်း ကိုယ်စား ကျွန်တော်တို့ မလေးရှားရောက် မြန်မာများမှ အထူးအကူအညီတောင်းခံအပ်ပါသည်။

အလှူခံမည့်သူအနေဖြင့် တင်ပါးဓားခုတ်ခံရသော မဝေမာလင်း၏ ဇနီး မောင်အောင်ဇော်ဝင်း ဖုန်း - 0103610554 သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြပါရန် ကာယကံရှင်ကိုယ်စား အကူအညီအထူးတောင်းခံအပ်ပါသည်ခင်ဗျာ ။

ကာယကံရှင်များ၏ အချက်လက်များ

မဝေမာလင်း - M984478
မြန်မာပြည်လိပ်စာ - အမှတ် 93 သန္တာလမ်း ၊ ၅/၆ ရပ်ကွက် ၊ ရွှေပြည်သာ ။

မောင်အောင်ဇော်ဝင်း - (ကားဆေးမှုတ်)
ရှမ်းစု ၊ လက်ပံတော ၊ သုံးဆယ်မြို့ ၊ သာယာဝတီခရိုင် ။
Ph - 0103610554

ရဲရင့်ငယ်