နှုတ်ကျွံနှုတ်လို့မရခဲ့သော ရော်နယ်ဒို

ပို့စ်တင်ချိန် - 10/24/2013 08:37:00 AM





ဖြစ်ပုံက ဒီလိုပါ။ CR7 လို့အမည်ရတဲ့ အမျိုးသားဝတ် အတွင်းခံ Brand တစ်ခုကို ပေါ်တူဂီ ဘောလုံးသမား ( ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား အဖြစ် အသတ်မှတ်ခံရသော) ခရစ်စတီယာ ရော်နယ်ဒိုမှ ထုတ်လုပ်ပါတယ်။

CR7 ပရိုမိုးရှင်းအတွက် Twitter ပေါ်မှာ ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး CR7 Boys Underwear Contenst လို့ ပွဲကို အမည်ပေး ထားပါတယ်။ ပြိုင်ပွဲ ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သူတွေ အင်မတန် များပြား ပါတယ်။ ပြိုင်ပွဲပြီးတော့ ရော်နယ်ဒို တစ်ယောက် Twitter မှာ တင်လိုက်တဲ့ status က ဒီလိုပါ။

Thank you all for participating in the CR7 Boys Underwear Competition – it’s been a real pleasure to see all of your photos.

ဒီတော့ အတွင်းခံဝတ်ထားတဲ့ ခများတို့ ဓာတ်ပုံကို မြင်ရတာ ကြည်နူးဝမ်းသာဖို့ ကောင်းလိုက်တာလို့ သိရှိနားလည်သွားစေခဲ့ ပါတယ်။ ဒီနေရာမှာ မြင်ရစေမယ့် Object ရဲ့  အမျိုးအစား ကြောင့်မို့ ဖြစ်သွားတာပါ။ အဲ့နေရာမှာ အင်္ကျီဆိုရင်ဘာမှ မဖြစ်ပေမယ့် အတွင်းခံ ဖြစ်နေ တာတော့ ရော်နယ်ဒိုကို ယောင်္ကျားချင်းစိတ်ဝင်စားသူများလို့တောင် ထင်ယောင်ထင်မှားဖြစ်သွားစေ ပါတယ်။ သို့ပေမယ့် ဒီအတွက် ဖြေရှင်းစာကို ယခုလို ပြန်တင်ပါတယ်။

Wrong Phrases out of the contest can be tricky, especially for the ones not paying attention.

ဒီတော့ နှုတ်တစ်ရာ စာတစ်လုံးဆိုပေမယ့်၊ အမှားစာတစ်လုံးကြောင့် အရှက်ရခဲ့တဲ့ ရော်နယ်ဒိုရဲ့  Status ဟာ သင်ခန်းစာပါပဲ။ ဒါက လည်း ပြိုင်ပွဲကို စိတ်မဝင်စားသူတို့ဘက်ကပဲ အမြင်စောင်းတာပါ။ သာမန် လူတစ်ယောက်က မှားရင် ဘာမှမဖြစ်ပေမယ့် လူအများစောင့်ကြည့်ခံနေ ရတဲ့ သူတစ်ယောက် ယခုလို ဖြစ်တော့ အားလုံးအတွက် ဆင်ခြင်စရာ ဖြစ် သွားမယ် ထင်ပါတယ်။

Ref: mashable
Aung Kham (TSJ Team)
TechSpace Journal