အမေရိကန်ကာကွယ်ရေးဌာနဝန်ထမ်းအများစုအား လုပ်ငန်းခွင်ပြန်ဝင်ရန် အကြောင်းကြား

ပို့စ်တင်ချိန် - 10/07/2013 06:34:00 PM



ယင်းသို့ အကြောင်းကြား ရန် ဆုံးဖြတ်ရခြင်းမှာ Pay Our Military Act ဥပဒေဖွင့်ဆိုချက် အရဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးချပ်ဟေဂယ်က ပြောကြား ခဲ့သည်။ ရီပတ်ဘလီကင်နှင့် ဒီမို ကရက်များအကြား ဘတ်ဂျက် အငြင်းပွားမှုကြောင့် ဖက်ဒရယ် အစိုး၏ ဝန်ဆောင်မှုလုပ်ငန်း များ ရပ်ဆိုင်းထားသည်မှာ ငါး ရက်ကြာမြင့်နေပြီဖြစ်သည်။ သို့ သော်လည်း လစာမပေးဘဲ အိမ် ပြန်လွှတ်ခဲ့သော ဖက်ဒရယ်အစိုးရ ဝန်ထမ်း ၈၀၀၀၀၀ ကို လစာပြန် ပေးရေးနှစ်ဖက်စလုံးက မဲပေး အတည်ပြုလိုက်ပြီဖြစ်သည်။

နှစ်ပါတီပူးပေါင်းဆောင် ရွက်မှု၏ ရှားပါးသောအခိုက် အတန့်ကာလတွင် စနေနေ့က အောက်လွှတ်တော်ကိုယ်စား လှယ်များသည် အစိုးရယန္တရား ရပ်ဆိုင်းမှုအဆုံးသတ်သည်နှင့် ဗဟိုအစိုးရဝန်ထမ်းများသို့ လ စာပေးမည့်ဥပဒေတစ်ခုကို ၄၀ရ မဲ-ဝမဲ ဖြင့် အတည်ပြုခဲ့သည်။ သို့သော်လည်း ဖက်ဒရယ်ဘတ် ဂျက်ကိစ္စနှင့်ပတ်သက်၍သဘော တူညီမှုတစ်စုံတစ်ရာရရှိမည့် လက္ခ ဏာမပေါ်သေးပေ။

အောက်လွှတ်တော်ကို ထိန်းချုပ်ထားသော ရီပတ်ဘလီ ကင်တို့က ဘတ်ဂျက်ကို အတည် ပြုရန်ငြင်းဆိုထားပြီး သမ္မတ ဘားရက်အိုဘားမား၏ ကျန်းမာ ရေးစောင့်ရှောက်မှုပြုပြင်ပြောင်း လဲရေးဥပဒေနှောင့်နှေး သို့မဟုတ် ငွေကြေးထောက်ပံ့မှုကို ခွာချွတ် ယူနေပါက ယခုကဲ့သို့ ငြင်းပယ် မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

အစိုးရယန္တရားရပ်ဆိုင်းပြီး မကြာမီ The Pay Our Military Act ဥပဒေကို ကွန်ဂရက်က အ တည်ပြုခဲ့သည်။ အစိုးရယန္တရား ရပ်သွားမှုကြာသည်နှင့် အမေ ရိကန်အား နိုင်ငံတကာအတိုင်း အတာအရ ထိခိုက်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ် ရီက သတိပေးခဲ့သည်။ မစ္စတာ အိုဘားမားက ယန္တရားရပ်ဆိုင်း မှုကြောင့် အာရှခရီးစဉ်ကို ဖျက် သိမ်းလိုက်ရကြောင်း သိရသည်။
Yangon Media Group