ဆီးရီးယားမှ ဓာတုလက်နက်များကိုကျွမ်းကျင်သူများ စတင်ဖျက်ဆီး

ပို့စ်တင်ချိန် - 10/07/2013 12:43:00 PM



ဆီးရီးယား၏ ဓာတုလက် နက်များနှင့် လက်နက်ထုတ်လုပ် မှုများကို ဖျက်သိမ်းမည့်အစီအစဉ် ကို လက်နက်ဖျက်သိမ်းရေးအဖွဲ့တစ် ဖွဲ့က အောက်တိုဘာ၆ရက်တွင် စတင်ပြီဖြစ်ကြောင်း နိုင်ငံတကာစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့က AFP သတင်းဌာနသို့ ပြောခဲ့သည်။

UN မှအဖွဲ့ဝင်များနှင့် ဓာတုလက်နက်များ တိုက်ဖျက် ရေး( OPCW ) The Hague အ ခြေစိုက် အဖွဲ့အစည်းတို့သည်ဓာတုလက်နက်များကို စတင်ဖျက် ဆီးမည့်နေရာသို့ ထွက်ခွာခဲ့ကြ ကြောင်း သိရသည်။

''ဒီနေ့က ဓာတုလက်နက် တွေကို စဖျက်ဆီးတဲ့နေ့ပါပဲ။ ထိပ် ဖူးတပ်ဒုံးကျည်၊ ဓာတုဗုံးများ၊ ရွေ့ လျားလက်နက်များနဲ့ တခြား သောလက်နက်များကို ကြီးမား သောယာဉ်ကြီးများဖြင့် နင်းချေ ဖျက်ဆီးခဲ့ကြပါတယ်''ဟု နိုင်ငံ တကာစစ်ဆင်ရေးတပ်ဖွဲ့ သတင်း ပို့သူ၏ ပြောကြားချက်အရသိရ သည်။

ယခုရက်သတ္တပတ်အစော ပိုင်းက ဆီးရီးယား၏လက်နက် ထုတ်မှုပိုင်းတွင် အကျိုးရှိသော နည်းလမ်းအားလုံး သုံးခဲ့ပုံရကြောင်း OPCW အရာရှိကပြောခဲ့သည်။ ထို့အပြင် ပေါက်ကွဲစေတတ်သော ပစ္စည်းပြုလုပ်နည်း၊ ပြင်းထန်စွာ ပေါက်ကွဲအောင်ပြုလုပ်နည်း အ စရှိသော နည်းလမ်းများကိုလည်း အသုံးပြုခဲ့ကြောင်း ယင်းကထပ်မံ ပြောခဲ့သည်။

လက်နက်ဖျက်သိမ်းရေး အဖွဲ့သည် ဆီးရီးယားအစိုးရက လွှဲပြောင်းပေးထားသော အစီ စဉ်အသေးစိတ်ကို အတည်ပြုပြီး စတင်အကောင်အထည်ဖော်ရန် ဒမတ်စကတ်သို့ အင်္ဂါနေ့ကရောက် ရှိခဲ့ကြသည်။ ''အဆင့်တစ်ကတော့ ဆီး ရီးယားတွေကို အဆုံးသတ်ဖို့ပါ ပဲ။ ပြီးတော့ အဆင့်နှစ်အနေနဲ့ တော့ လက်နက်တွေကို ဖျက်ဆီး ပစ်ဖို့ပဲ''ဟု စစ်ဆင်ရေးအဖွဲ့က ပြောသည်။

ဓာတုလက်နက်များကို ဖျက် ဆီးပြီး သမ္မတဘာရှားအယ်လ်အာ ဆတ်၏အုပ်ချုပ်မှုကို အလှည့် အပြောင်းဖြစ်ရန် အမေရိကန်- ရုရှားသဘောတူညီခဲ့ကြသည်။ သို့ သော် ဩဂုတ်၂၁ရက်က ဒမတ် စကတ်မြို့ပြင်ဘက်တွင် ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှုဖြစ်ပွား ခဲ့သဖြင့် အမေရိကန်အစိုးရက အာဆတ်ကို အပြစ်တင်ခဲ့သော် လည်း ၎င်းကငြင်းဆန်ခဲ့သည်။ဆီးရီးယား၏ ဓာတုလက် နက်စက်ရုံကို ၂၀၁၄ခုနှစ် နှစ်လယ် ပိုင်းတွင်ဖျက်ဆီးပစ်ရန့် အြ ဆုံးအဖြတ်အရ သဘောတူညီခဲ့ ကြကြောင်း သိရသည်။
Yangon Media Group