တရုတ်သိမ်းလယ်ယာများ ပြန်ပေးမည်ဟု ဦးရဲထွဋ်ပြောကြား

ပို့စ်တင်ချိန် - 10/02/2013 08:44:00 AM


လက်ပန်းတောင်းတွင် တရုတ်ကုမ္ပဏီဝမ်ပေါင်မှ လက်ဝါးကြီးအုပ်သိမ်းယူထားသော ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေများကို အစိုးရက ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများသို့ ပြောကြားလိုက်သည်။

ထို့ အပြင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းပရောဂျက်အတွင်း သိမ်းယူထားသော ရခိုင်တိုင်းရင်းသားတို့ ၏ လယ်မြေများကို မူလပိုင်ရှင်များထံ ပြန်ပေးမည့်အပြင် နစ်နာကြေးများပါ ပေးအပ်သွားဦးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ခရီးစဉ်တွင် ဦးရဲထွဋ်ကပြောကြားလိုက်သည်။

အလဲဗန်းနေ့ စဉ်သတင်းစာမှ အထက်ပါကိစ္စနှင့် ပက်သတ်၍ မေးမြန်းရာ “ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့  နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် အတတ်နိုင်ဆုံးပြန်လည် ပေးဆပ်သွားမှာပါ၊ ၀မ်ပေါင်နဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ လည်း ကျွန်တော်တို့ တံခါးပိတ်ဆွေးနွေးမှုတွေ စတင်နေပါပြီ” ဟု ၀န်ကြီးက ပြန်လည် အတည်ပြုဖြေကြားခဲ့သည်။

တစ်ဆက်တည်းအနေဖြင့် ဦးရဲထွဋ်က ဆက်သွယ်ရေးဝန်ကြီးဌာအနေနှင့်လည်း ဖုန်းခေါ်ဆိုမှုများကို တစ်မိနစ်လျှင် ၅၀ကျပ် ကျသင့်ရာမှ ၂၅ကျပ်သို့ လျှော့ချပေးမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ “ဒီဖုန်းခေါ်ဆိုခကို လျှော့ချပေးဖို့ စီစဉ်နေတာကြာပါပြီ၊ တင်ဒါအောင် ကုမ္ပဏီတွေလည်း လာတော့မယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ လည်း ဈေးကွက်ဝေစု ပိုရနိုင်ဖို့  ကြိုတင်စီမံကိန်းတစ်ရပ်အနေနဲ့ ဆုံးဖြတ်လိုက်တာပါ၊ ၁၀လပိုင်း ၉ရက်နေ့ မှာ ကျွန်တော်တို့ နိုင်ငံပိုင် သတင်းစာတွေကနေ အတိအလင်း ဖော်ပြပေးသွားပါမယ်” ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

Credit : အခွင့်အလမ်း ဂျာနယ်