ဂန့်ဂေါမြို့နယ်ကရှားရှာပါးပါးအမျိုးသမီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး

ပို့စ်တင်ချိန် - 10/28/2013 02:59:00 PM


မကွေးတိုင်းဒေသကြီးဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်သည်ရပ်ကွက်   လေးရပ်ကွက်၊ ကျေးရွာအုပ်စု ၇၁ အုပ်စု၊ ကျေးရွာပေါင်း ၁၁၃ ရွာဖြင့်ဖွဲ့စည်းထားရှိသဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ၇၅ ဦးရှိပြီး ယင်းတို့တွင်  အမျိုးသမီးတစ်ဦးကို ကျွေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ်မဲစနစ် ဖြင့် ရွေးချယ်တာဝန်ပေးအပ်ခံ ထားရကြောင်း သိရသည်။

အဆိုပါအမျိုးသမီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးမှာ ဒေါ်ကေ ခိုင်မျိုးအောင် (၃၀ နှစ်) ဖြစ်ပြီး ဂန့်ဂေါမြို့နယ်ကျွန်းတပ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ်တာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်။ အဆိုပါကျေးရွာအုပ်စုတွင် အမျိုး သား ၁၁ ဦးနှင့် အမျိုးသမီးတစ် ဦးတို့ကိုအုပ်ချုပ်ရေးမှူးရာထူး တာဝန်အတွက် မဲစနစ်ဖြင့် ယှဉ်ပြိုင်ရွေးချယ်ရာတွင် ဒေါ်ကေ ခိုင်မျိုးအောင်မှာ အုပ်ချုပ်ရေးမှူး အဖြစ်တာဝန်ပေးအပ်ခံရသည်။  ဒေါ်ကေခိုင်မျိုးအောင်သည်မူလတန်း  ကျောင်းအုပ်ဦးမြင့်အောင်၊ ဒေါ်ခင်အုန်းတို့၏ သမီးဖြစ်ပြီူး ၁၉၈၄ ခုနှစ် သြဂုတ်လ ၅ ရက် နေ့တွင် ကျွန်းတပ်ကျေးရွာ၌ မွေးဖွားခဲ့သည်။ ပညာအရည် အချင်းမှာ B.A (Eco)  ဖြစ်ပြီး အလုပ်အကိုင်မှာဈေးရောင်းဖြစ် သည်။ အိမ်ထောင်မရှိအပျိုဖြစ် သည်။

“အုပ်ချုပ်ရေးမှူးတာဝန်ထမ်း  ဆောင်ဖို့အတွက်ဘာမှ စိုးရိမ်စရာ  မရှိဘူးဆိုပြီး ဖေဖေက အားပေး လို့အခက်အခဲမရှိဘဲ တာဝန်ထမ်း  ဆောင်နေပါတယ်။ အုပ်ချုပ်ရေး  မှူးလုပ်ဖို့မျှော်လင့်မထားပေမဲ့ အုပ်ချုပ်ရေးမှူးတာဝန်ပေးအပ်ခံ ရတဲ့အအခါရပ်အကျိုးရွာအကျိုး ဆောင်ရွက်ခွင့်ရလို့ကျေနပ်ပါတယ်” ဟု ဒေါ်ကေခိုင်မျိုးအောင်က ပြောကြားသည်။

ဂန့်ဂေါမြို့နယ်ကျွန်းတပ်ကျေး ရွာအုပ်စုတွင် ကျွန်းတပ်ကျေးရွာတစ်  ရွာသာပါဝင်ပြီး အိမ်ခြေ ၁၀၈၊ အိမ်ထောင်စု ၁၂၀၊ လူဦးရေ ၆၄၅ ဦးရှိကြောင်း သိရသည်။

ကြီးမြင့်နိုင်(လွိုင်ကော်)

Hot News Journal