မန်းတွင် မိုဘိုင်းပြုပြင်ရေးဝန်ထမ်းများ ရှားပါးနေဟုဆို

ပို့စ်တင်ချိန် - 10/01/2013 07:35:00 PM


မန်းမိုဘိုင်းဈေးကွက်အတွင်းရှိ အရောင်းဆိုင်ကြီးများတွင် ဝန်ထမ်းအများစုမှာ ကြာရှည်စွာ လုပ်ကိုင်လိုခြင်းမရှိခြင်းကြောင့် မိုဘိုင်းပြုပြင်ရေး ဝန်ထမ်းများ ရှားပါးလျက်ရှိနေကြောင်း သိရသည်။     မိုဘိုင်း ပြုပြင်ရေး သင်တန်းမှဆရာတစ်ဦးဖြစ်သူ ကိုဘိုဘိုမှ “သင်တန်းတွေမှာကတော့ လူများတာ မှန်ပေမယ့် အရောင်းဆိုင်ကြီးတွေမှာ ဝင်ရောက်လုပ်ကိုင်လိုတဲ့သူက နည်းတယ်ဗျ။ သင်တန်းသား အများစုက သင်တန်းပြီးတာနဲ့ ကိုယ်ပိုင်ပြုပြင်ရေး ဆိုင်ဖွင့်မယ့်သူတွေပဲ များတယ်။ ဒီကသင်တန်းပြီးရင် တခြားဆိုင်တွေမှာ ဝင်လုပ်တဲ့သူတွေတော့ ရှိတယ်။ ဒါပေမဲ့ အတွေ့အကြုံရအာင် ဝင်လုပ်ြကရင်လည်း ၁ လ ၂ လ ထက် မပိုကြဘူး။ နယ်က လူတွေ လာတက်တာများတော့ သူတို့ကဆိုင်တွေမှာ ဝင်လုပ်လည်း ခဏပဲ။ အဲဒီတော့ ဝန်ထမ်းလုပ်လိုတဲ့ ဆားဗစ်သမားတွေက ရှားနေတာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့က မိဘမဲ့ကလေးတွေလိုမျိုးကို အခမဲ့သင်ကြားပြီးဆိုင်ရဲ့ဝန်ထမ်းလိုအပ်ချက် ဖြည့်ပေးနိုင်သလို မိဘမဲ့ကလေးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းကိုလည်း အဆင်ပြေစေမယ့်နည်းမျိုးနဲ့ အခမဲ့သင်ကြားပေးတာမျိုးတွေကို မန်းမှာ တွေ့လာရတာပါ ”ဟု ပြောသည်။     “ဆိုင်မှာလုပ်တဲ့ သင်တန်းပြီးပြီးသားလူတွေက အကြာဆုံးနေ ၄ လ ၅ လ လောက်ပဲလေ။ သူတို့က နယ်သမားတွေများတော့ ဒီကအတွေ့အကြုံရတာနဲ့ အလုပ်ထွက်ကြတာများတယ်။ ဒီတော့ ဝန်ထမ်းက မမြဲတဲ့သဘောပေါ့။ အမြဲတမ်းတော့ ဆားဗစ်ဝန်ထမ်း လိုအပ်နေတာပါပဲ” ဟု ၇၈ လမ်းရှိ မိုဘိုင်းဆိုင်တစ်ဆိုင်မှ သိရသည်။ မန္တလေးမြို့ရှိ မိုဘိုင်းပြုပြင်ရေးသင်တန်းများတွင် တက်ရောက်နေသော သင်တန်းသားအများစုမှာ နယ်မြို့များမှ ကိုယ်ပိုင်ဆားဗစ်ဆိုင်ဖွင့်လိုသူများဖြစ်ပြီး သင်တန်းသားအားလုံး၏ ၇၀ ရာ ခိုင်နှုန်းကျော် ရှိနိုင်သောကြောင့် မန်းရှိမိုဘိုင်းဆိုင်ကြီးများအတွက် ဝန်ထမ်းလိုအပ်ချက် ရှိနေသေးကြောင်း သင်တန်းကျောင်းအချို့က ပြောကြားသည်။
   မန္တလေး
myanmarinternetjournal