သူခိုးလက်ခံရှိမှ သူခိုးဆိုတာဖြစ်လာရတယ်

ပို့စ်တင်ချိန် - 10/22/2013 08:42:00 AM


တခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဥာဏ်အမြော်အမြင်နဲ့ပြည့်စုံတဲ့ဘုရင်ကြီးတစ်ဦးရှိတယ် ။ သူခိုးတွေ ထကြွသောင်းကြမ်းတဲ့သူ့တိုင်းပြည်မှာ ဘုရင်ကြီးက ဥပဒေတစ်ရပ်ထုတ်ထားတယ် ။ အဲဒါကတော့ ခိုးတဲ့လူတွေကို ဖမ်းမိရင် ပြန်လွှတ်ပေးပြီး ခိုးရာပါ ပစ္စည်းလက်ခံတဲ့သူကိုဖမ်းမိရင် သတ်ပစ်ခြင်းပဲဖြစ်ပါတယ် ။

ဒီတော့ တိုင်းသူပြည်သားတွေက ဘုရင်ကြီးကို အပြစ်တကယ်ရှိတဲ့သူခိုးကိုသာ သေဒါဏ်ပေးသင့်ပါတယ်ဆိုပြီး အသနားခံလျှောက်ထားကြသတဲ့ ။ ဘုရင်ကြီးက တစ်နေ့တော့ တိုင်းသူပြည်သားအားလုံးကို စုဝေးစေလိုက်တယ် ။ ပြီးတော့ ကြွက်တွေကို လယ်ကွင်းပြင်ဆီသယ်လာခိုင်းပါတယ် ။

ကြွက်တွေရှေ့မှာ အစားအစာတွေချပေးလိုက်တယ် ။ ဒီတော့ ကြွက်တွေဟာ အစာတွေကို အလုအယက်ပဲ ယူဆောင်ပြီး သူတို့ တွင်းရှိဘက်ကို ပြေးသွားကြပါတော့တယ် ။ ဒီလိုနဲ့နောက်တစ်ရက်မှာလည်း ဘုရင်ကြီးက လူတွေကိုစုစည်းစေပြီး မနေ့ကအတိုင်းကြွက်တွေကိုလွင်ပြင်မှာ လာချခိုင်းပါတယ် ။ အစားအစာတွေကိုလည်းမနေ့ကလိုပဲ ကြွက်တွေရှေ့မှာ ချထားခိုင်းပါတယ် ။

ဒါပေမယ့် ကြွက်တွင်းတွေကိုတော့ ပိတ်ထားစေပါတယ် ။ ကြွက်တွေဟာ ထုံးစံအတိုင်းအစာတွေကို အလုအယက်ကိုက်ချီပြီး ကြွက်တွင်းတွေဆီပြေးကြတယ် ။ ဒါပေမယ့် တွင်းတွေပိတ်ထားတာတွေ့တော့ သူတို့ယူသွားတဲ့အစာတွေကို ပြန်သယ်ဆောင်လာကြတာကိုတွေ့လိုက်ရတယ် ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

သူခိုးလက်ခံရှိမှ သူခိုးဆိုတာဖြစ်လာရတယ်
ကောင်းမှုမကောင်းမှုဆိုတာကလည်းလက်ခံနိုင်စွမ်းရှိတဲ့အသိဥာဏ်ပေါ်မှာပဲမူတည်ပါတယ်

သင်လက်ခံနိုင်သလောက် သင့်ဆီကို ကောင်းတာရော မကောင်းတာရော လာနေမှာပါ
သင်က ဘယ်ဝင်ပေါက်ကို ပိတ်ထားမလဲဆိုတာကသာအရေးကြီးပါတယ်

သက်တန့်ချို
Ref : Thinking Concepts