သူရိယအလင်းဂျာနယ် CEO မိုးဟိန်းနှင့် အင်တာဗျုး

ပို့စ်တင်ချိန် - 10/26/2013 04:44:00 PM



Q - နိုင်ငံပိုင်သတင်းစာမှာပါတဲ့ သူရိယအလင်းဂျာနယ် ရပ်ဆိုင်းမှုနဲ့ပတ်သက်ပြီး ကိုမိုးဟိန်းအနေနဲ့ ဘာပြော ချင်ပါသလဲ။

A - ကျွန်တော် လုံးဝ သဘောမတူ ပါဘူး။ ကျွန်တော့်ဆန္ဒ မပါဘူး။ ကျွန်တော် မသိလိုက်ဘူး။ ခက်တာက ကျွန်တော်တို့ နိုင်ငံပိုင်သတင်းစာတွေရဲ့ ကြော်ငြာမူဝါဒ တွေက အများကြီးအားနည်းနေတယ်ဆိုတာကို ပြတယ်ဗျ။ သူရိယအလင်းဂျာနယ် အတွဲ ၁ ကနေ ၁၂ အထိမှာပါတဲ့ ဆောင်းပါးတွေအတွက် အမှုဆောင်အရာရှိချုပ် မိုးဟိန်းအနေနဲ့ တောင်းပန်ဖို့မရှိပါဘူး။ ကိုယ်ယုံကြည်လို့ လျှောက်ခဲ့တဲ့ လမ်းတစ်ခုပဲ။ ကျွန်တော်တို့နှစ်သက်လို့ ဖော်ပြခဲ့တာ။ ကျွန်တော့်လုပ်ပိုင်ခွင့်နဲ့လုပ်တာ ဒီအတွက် ကျွန်တော် မတောင်းပန်ဘူး။ သတင်းစာမှာပါတဲ့ ကြော်ငြာမှာက တောင်းပန်တယ်လို့ သုံးထားတယ်။ အဲဒါကို ကျွန်တော် ကန့်ကွက်ပါတယ်။
ပြီးတော့ ကျွန်တော်က သူရိယ အလင်းဂျာနယ်အစား သူရိယနေဝန်းဆိုတဲ့အမည်နဲ့ လာမယ့်စနေနေ့မှာ ပြန်လည် ထုတ်ဝေပါတော့မယ်ဆိုတဲ့ ကြော်ငြာကို သတင်းစာမှာ ထည့်ထားတယ်။ နှစ်ရက် ရှိပြီ၊ အခုထိ ပါမလာသေးဘူး။ ကျွန်တော် ကြေးမုံနဲ့ မြန်မာ့အလင်းကို လှမ်းမေးတော့ တာဝန်ခံ ဦးဇော်ဝင်းက ကျွန်တော်တို့ လုပ်ပိုင်ခွင့်မရှိလို့ နေပြည်တော်ကို တင်ပြထားပါတယ်လို့ ပြောတယ်။ တစ်ဖက် က ကြော်ငြာကိုကျတော့ ထည့်ပေးတယ်။ ကျွန်တော်ကြော်ငြာမှာ ပုဂ္ဂိုလ်ရေးတိုက် ခိုက်မှု မပါဘူး။

Q - နောက်ထပ်ဂျာနယ်တစ်စောင် ထုတ်ဝေဖို့ အစီအစဉ်ရှိတယ်လို့ ကြားရပါတယ်။ ဘယ်သူက ထုတ်ဝေသူလဲ၊ ဘယ်သူတွေပါမှာလဲ။

A - အခုထွက်လာမယ့် သူရိယနေဝန်းဂျာနယ်က ကျွန်တော်ပဲ ဦးစီးပြီး ထုတ်မှာပါ။ ထုတ်ဝေသူက ကျွန်တော့်ရဲ့ အစ်ကိုအရင်း ဦးခင်အေးပါ။ လွန်ခဲ့တဲ့ ၂ လ၊ ၃ လလောက်ကတည်းက ဒီထုတ်ဝေခွင့်ကို လျှောက်ထားခဲ့တာ။ လိုင်စင်လည်း ကျပါပြီ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီလို ဖြစ်လာနိုင်မယ်ဆိုတာ တွေးမိလို့ ကြိုပြီး ပြင်ထားခဲ့တာပါ။ ဘာအကြံအစည်မှ မရှိ ဘူး။ လိုရမယ်ရဆိုပြီး လုပ်ထားခဲ့တာပါ။

Q - အတွဲ ၁ ကနေ ၁၂ အထိ ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေကို ဂျာနယ် က တာဝန်ရှိသူတွေ အယ်ဒီတာတွေနဲ့ ဘယ်လိုညှိနှိုင်းရွေးချယ်ခဲ့တာလဲ။ ဘယ်လို စိစစ်ပါသလဲ။

A - အဓိကကတော့ ကျွန်တော်ရဲ့ အယ်ဒီတာချုပ်နဲ့ သဘောတူပြီးတော့ လုပ် ခဲ့တာတွေချည်းပါပဲ။ အယ်ဒီတာအဖွဲ့ဝင် ဆိုတဲ့ဟာတွေ အကုန်လုံးကတော့ သိချင် လည်း သိမယ်၊ မသိချင်လည်း မသိဘူး။ အမှုဆောင်အရာရှိချုပ်နဲ့ အယ်ဒီတာချုပ်နဲ့ လက်မှတ်ထိုးရင် ပြီးပြီလေဗျာ။ အယ်ဒီတာချုပ်လုပ်တဲ့ ကိုအောင်ရှိန်လည်း သဘောတူတယ်။ အခု သူကတော့ အကြောင်းအမျိုးမျိုးကြောင့် ကြားနေသွား ရတယ်ပေါ့ဗျာ။ ဒါပါပဲ။ သူလည်း ဖိအား တွေရှိမှာပေါ့ဗျာ။

Q - ဂျာနယ်ရုံးကပစ္စည်းတွေ လာ သိမ်းတော့ ကြိုပြီး အသိပေးတာမျိုး ရှိခဲ့သေးလား။ အဲဒီညက အခြေအနေ ပြန်ပြောပြပါဦး။

A - ပစ္စည်းတွေလာသိမ်းတုန်းက ကြိုတင်ပြီး ရုံးကိုအကြောင်းကြားခဲ့တာမျိုး လုံးဝမရှိပါဘူး။ နောက် ပစ္စည်းလာသိမ်း တယ်လို့ ပြောလို့မရဘူးဗျ။ ဘယ်သူမဆို ကိုယ့်အမေအိမ်ကပစ္စည်းကိုတောင် ည ၁၂ နာရီ ၁ ချက်မှာ ငါပိုင်တာပဲဆိုပြီး မçသွားလို့ မရဘူး။ အပြစ်အပျက်နဲ့အချိန် တွေနဲ့ ယှဉ်တွဲပြီး စဉ်းစားဖို့လိုပါတယ်။ ကျွန်တော်တို့က တံခါးဖွင့်ပေးတာ မဟုတ် ဘူး။ မလွယ်ပေါက်က ဝင်လာတာ။ ရိုးရိုး သားသားဝင်လာတာ မဟုတ်ဘူး။ အရင်ဆုံး CCTV ကင်မရာကိုဖုံးပြီး အထိုင် ခက်ကိုပြုတ်ပြီးတော့မှ ယူသွားတာ။ ရည်ရွယ်ချက်ကြီးက ပေါ်လွင်ထင်ရှားနေပြီပဲ။ ရှင်းပါတယ်။

Q - ဦးယုနိုင်နဲ့ ကိုမိုးဟိန်းက မိတ်ဆွေတွေလို့ သိရပါတယ်။ အဲဒီညက ဦးယုနိုင်လည်းပါတယ်ဆိုတော့ အဲဒီညက ကိစ္စအပေါ် အမှုဖွင့်ဖို့ အစီအစဉ်ကော ရှိလား။

A - အမှုဖွင့်မဖွင့်ဆိုတာက ကျွန်တော် အခု ရှေ့နေနဲ့ တိုင်ပင်နေတယ်။ တစ်ခုက ဦးယုနိုင်က အထဲကို ဝင်မလာခဲ့ဘဲနဲ့ သူက ခေါင်းခံနေတယ်။ ဝင်တာက တခြား သူဝင်တာ။ ဒါပေမဲ့ ဘယ်ကိုကျေးဇူးတရားတွေနဲ့ပတ်သက်ဆက်နွှယ်နေသလဲ ကျွန်တော်တို့ မသိဘူး။ သူက ဓားခုတ်တာကို လက်ဝင်လျှိုနေတယ်။ သူက ကျွန်တော်နဲ့ သူငယ်ချင်း။ ၉ တန်းကတည်းက ပေါင်းတာ။ အမေရိကရောက် သွားတော့ ကွဲသွားတယ်။ အခု ပြန်တွေ့တာ တစ်နှစ်ကျော်လောက်ပဲရှိသေးတယ်။ သူငယ်ချင်းသံယောဇဉ်နဲ့ ကျွန်တော် စဉ်းစားနေတာပါ။ အထောက်အထားတွေရှိတယ်။ ဒါက ရာဇဝတ်မှုမြောက်နေတာ ဗျ။ အနုကြမ်းစီးမှု မြောက်နေတယ်။
ပြောချင်တာက ကျွန်တော်တို့ ဂျာနယ်ရဲ့ မူလရည်မှန်းချက်တွေကို ဒီ ပစ္စည်းဖျောက်မှု၊ ပိုင်နက်ကျူးလွန်မှု စတဲ့ ဘာမဟုတ်တဲ့ကိစ္စလေးကြောင့် သေးသိမ်သွားနိုင်တယ်။ ပြည်သူကို နားမျက်စိဖွင့် ဖို့ပေါ့။ အဲ့ဒါကို
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အင်တာဗျူး ဒုတိယပိုင်း ---- သူရိယအလင်းဂျာနယ် CEO မိုးဟိန်းနှင့် အင်တာဗျုး အဆက်