ဆယ်ကျော်သက် အကြမ်းဖက်သမား ဘယ်လိုဖြစ်လာသလဲ How Teens Become Terrorists

ပို့စ်တင်ချိန် - 10/09/2013 08:52:00 AM


လူမျိုးရေး မုန်းတီးမှု ၀ါဒဟာ စိတ်အလို မကျ ဖြစ်နေတဲ့ လူငယ်တွေရဲ့ စိတ်ထဲကို ကုစားပေး ချင် ယောင်ဆောင်ပြီး ၀င် လာတဲ့ အဆိပ် တစ်ခု ဆိုတာ Boston အကြမ်းဖက်မှုနဲ့ London 7/7 ဗုံးခွဲမှုရဲ့ တရားခံတွေ ကသက်သေ ပြနေပါတယ်။

အသက် ၁၉နှစ်သာ ရှိသေးတဲ့ Dzhokhar Tsarnaev ဟာအမေရိကန်ရဲ့ 9/11 အကြမ်းဖက်မှု အပြီး အဆိုး ရွားဆုံး အကြမ်းဖက်မှု ဖြစ်တဲ့ အပြေးပြိုင်ပွဲ ဗုံးဖေါက်ခွဲမှုမှာ ပါဝင်ပတ်သက် ခဲ့ပါတယ်။ ဒီအသက် အရွယ်ဟာ လူမျိုးရေး ခွဲခြားမှုမှာ ပါဝင် ပတ်သက်လေ့ ရှိတဲ့ အသက် အ ရွယ်တော့ မဟုတ် တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသေခံ ဗုံးခွဲသူတွေ အကြမ်းဖက် သမားတွေရဲ့ အသက် အရွယ်ဟာ တူညီလု နီးပါး ဖြစ်လေ့ ရှိပါတယ်။ ဥပမာ London 7/7 ဗုံးခွဲမှုရဲ့ တရားခံ Hasib Hussain ဟာအသက် ၁၈နှစ်သာ ရှိပါ သေးတယ်။ ဒါက ကလေးဘ၀ ထဲက ရရှိခဲ့တဲ့ စိတ်ဒဏ် ရာဟာ ပြင်ပဖိအား တွေထက် ပိုပြီး အထိမခံ ဖြစ်တတ် တာကို ပြနေ တာပါပဲ။ လူမျိုးရေး ခွဲခြားမှု idea ဟာကုရခက်တဲ့ အဆိပ် တစ်မျိုးပါ။ ဒီသုတေ သနမှာ စာရေးသူဟာ အကြမ်းဖက် သမား အဖွဲ့ငယ် တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ သူတွေ့ခဲ့ ရတာတော့ ရာဇ၀တ်မှု ဖြစ်တည်ရာ မျိုးစေ့ဟာ သူတို့ရဲ့ ငယ်ဘ၀ ကတည်းက အညှောင့် ပေါက်ခဲ့တာ ကိုပါ။ ဒါကို သက်သေ မပြနိုင် သေးတဲ့ အကြမ်းဖက် သမား တွေနဲ့ပဲ အတည်ပြု ခဲ့ရပါတယ်။

ပြဿနာက crisis of identity (ကိုယ်ပိုင် ပုံရိပ် အန္တရာယ်မှတ်) ကနေ စပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ပတ် ၀န်းကျင်က ရူထောင့် မျိုးစုံရဲ့ အကူအညီ ကိုယူပြီး ကိုယ်ဟာ ဘာလဲ ဆိုတဲ့ စိတ်ခံ စားချက်ကို ရပါတယ်။ ပထမဆုံးက မိဘတွေပါ။ သူတို့ရဲ့ ပြုစု ပျိုးထောင် မှုနဲ့ ဆက်နွယ် ပတ်သက်မှုဟာ ကိုယ်ဟာ ဘာကောင်လဲ ဆိုတာရဲ့ ပထမ အလွှာကို တည်ဆောက် ပါတယ်။ အသေခံ ဗုံးဖောက်သူ အများစုဟာ မိသားစု ဆက်ဆံရေး ပြည့်ဝမှု မရှိကြပါဘူး။ အထူးသဖြင့် သူတို့နဲ့ လိင်တူတဲ့ မိဘတွေ ဆီက အချစ်ကို မရ သလောက်ပါ။ Mohammed Atta ဆိုတဲ့ 9/11 ဗုံးခွဲမှုရဲ့ ခေါင်းဆောင် ဟာ စည်းကမ်း တင်းကျပ်တဲ့ အဖေနဲ့ နေခဲ့ ရပါတယ်။ သူ့အဖေက သူကျောင်း ကနေ အိမ်အပြန်လမ်း ကိုတောင် အချိန် ကန့်သတ်ခဲ့ပြီး တစ်မိနစ် နောက်ကျ ရင်တောင် အရိုက်ခံ ခဲ့ရပါတယ်။ သူ့မှာ ကစားဖို့ သူငယ်ချင်း တွေနဲ့ နေဖို့ အားလပ်ချိန်တောင် မရှိပါဘူး။ အချိန်တိုင်းဟာ စာကျက်ဖို့နဲ့ အလုပ်လုပ် ဖို့သာ ဖြစ်နေခဲ့ ပါတယ်။ ဟုတ်ပါတယ်။ လူထောင်ပေါင်း များစွာမှာ ချုပ်ခြယ်တဲ့ မိဘတွေ ရှိတာပဲလို့ ခင်ဗျားက ဆိုမယ်။ ဒါဆို တစ်ဆင်းချင်းစီ ဖြုတ်ပြီး လူအရေအတွက်ကို လျော့ချ လိုက်လို့ ရပါတယ်။ နောက် တစ်ဆင့် ကတော့ ကလေး ဘ၀ထဲက ကိုယ်ပိုင်ပုံရိပ် ကွာဟချက်ကို ဖြည့်ဆည်းပြီး ကျယ်ပြန့်သော လူမှု့ဘ၀နဲ့ ဆက်နွယ် ပတ်သက် ခြင်းပါ။ ပြောင်းရွှေ့ နေထိုင်သူ တစ်ဦးအတွက် ဒါဟာ ခက်ခဲတဲ့ အရာ ဖြစ်ပါလိမ့်မယ်။ တချို့ အကြမ်းဖက် သမားတွေ ကတော့ ကျွန်တော် တို့လိုပဲ ပုံမှန် ဖြတ်သန်း သွားနိုင် ပါတယ်။ မာရသွန် ဗုံးဖေါက်မှုမှာ သံသယ ဖြစ်ခြင်း ခံရသူ Tamerlan Tsarnaev ဟာဘော်စတွန် ကျောင်းသူ Katherine Russell နဲ့လက်ထပ် ခဲ့ပါတယ်။

ကိုယ်ပိုင် ပုံရိပ် (sense of self) ပထမဆုံး စတင် ဖွံဖြိုးမှုဟာ အရေးကြီးပြီး အစစ်အမှန် ဒါမှမဟုတ် ထင်မြင်ချက် တစ်ခုဟာ လမ်းကြောင်း ကနေ လှဲချနိုင် ပါတယ်။ ဒါဟာ အိမ်ကနေ ထွက်ခွာ၊ ကိုယ်ပိုင် ဘ၀ကို တည်ထောင်ပြီး အရွယ် ရောက်လာတဲ့ အသက် အပိုင်းအခြားမှာ စပြီး ယိမ်းယိုင်လာ တတ်ပါတယ်။ ဒါက အရွေး ချယ်ခံဖို့ စိစစ် ခံရခြင်းရဲ့ ရိုက်ခတ် မှုလည်း ဖြစ်ကောင်း ဖြစ်မယ်။ ဒါကြောင့် ဥရောပနဲ့ တခြား တက္ကသိုလ် တွေက စိစစ်ရေး အဖွဲ့တွေ တင်းကြပ် လွန်းတာဟာ တိုက်ဆိုင်မှု သတ်သတ်တော့ မဟုတ်ပါဘူး။ ဒါကြောင့် ဘာသာရေး ခေါင်း ဆောင် တွေဟာ သူတို့ သားကောင် တွေရဲ့ ထိခိုက် လွယ်မှုကို သိရှိကြ ပါတယ်။ ဟုတ်တယ်။ နင်က တခြားလူ တွေနဲ့ ကွဲပြားတယ်လို့ အငြင်း ဆန် ခံရတဲ့ လူငယ်ကို ပြောလိုက်သလို ဖြစ်သွားတယ်။ နင်က ကွဲပြားတယ်။ ဒါပေမဲ့ အကြောင်းက ရှိပါတယ်။ နင့်ကို ရွေးနှုတ် ကောက်ယူ ပြီးသား၊ နင့်အတွက် ကောင်းတာနဲ့ ဆိုးတာ နှစ်ခုကြားမှာ ဆက်နွယ် ပတ်သက်မှုက ရှိနေ တယ်လို့ ပြောပြီး စိတ်ဓါတ်ကျ နေတဲ့ လူငယ်ရဲ့ အတ္တကို မြှင့်ယူတယ်။ ဒါက ရှက်ရွံပြီး အားငယ်နေတဲ့ လူငယ်ကို ဂုဏ်ပြုခြင်း မာန ကြီးခြင်း ဖြစ်ပေါ် စေတယ်။ လူငယ်ဟာ ဘ၀မှာ ပထမဆုံး အကြိမ် သူ့အတွက်သူ ခံစား ရတာ ကောင်းမွန် လာတယ်။ တကယ်ပဲ ကောင်းပါ တယ်။ ဒါက အဆိပ်ဟာ ကုသလို့ မရတဲ့ အနေ အထားကို ရောက်သွား စေတာပဲ။ တကယ်ပဲ အဆိပ်ပြင်း ပါတယ်။ သူတို့ဟာ သူတို့ အသက်ကို တစ်ပါးသူ အတွက် စွန့်လွှတ်တဲ့ အနေ အထားမျိုး ရောက် သွား တော့တယ်။

ပညာတတ် လူတန်းစားဟာ လူမျိုးရေး ခွဲခြားစိတ် ရှိတဲ့ လူငယ် တွေကို ကန့်သတ် ထားတယ်။ မှန်ကန်တဲ့ ဒေါသပဲ ဆိုတဲ့ ခံစားချက်ဟာ အရာရာကို ဖျက်ဆီး နိုင်စွမ်းရှိတဲ့ လောင်စာ တစ်မျိုး ဖြစ်လာတယ်။ ဒီလောင်စာဟာ အမုန်းတရား ဆိုတဲ့ လက်နက်ကို စွမ်းအင် ဖြစ်ပေါ် စေတယ်။ အခြေ အမြစ် ခိုင်တယ်လို့ ထင်မှတ် လောက်တဲ့ ၀ါဒတစ်မျိုးနဲ့ ပေါင်းစပ်ပြီး ဒီလက်နက်ကို ထိရောက်စွာ အသုံးချဖို့ ဖြစ်တယ်လို့ ခံစားလာ ရစေတယ်။ ဒါက ပစ်မှတ်ကို တိတိကျကျ လမ်းညွန် ပြလိုက် သလိုပဲ။ ဥပမာ အနောက် ကမ္ဘာကို အစ္စလာမ် တွေက မုန်းသလို မျိုးပေါ့။ ဒီဒေါသဟာ လူငယ်ကို လူသား အားလုံးဟာ သားကောင်လို့ ထင်သွားစေတဲ့ အန္တရာယ် စိတ်ဝင်သွား စေတော့ တာပဲ။ အဲ့ဒီဝါဒကို မျက်မှန်စိမ်း တပ်ပြီး ကြည့်လိုက် တဲ့အခါ တစ်ကမ္ဘာ လုံးဟာ မည်းမှောင် သွားတော့တယ်။ သူကိုယ် တိုင်လဲ သားကောင် တစ်ကောင်ပဲလို့ ထင်သွား တဲ့အခါ သူ့အတွက် ဘာမှ ဆုံးရူံးစရာ မကျန် တော့ဘူးလို့ ခံစားသွား တော့တယ်။ သားကောင် ဘ၀ဟာ ကျေးဇူးတင် ခံရခြင်းနဲ့ ပြောင်း ပြန်ပါ။ ဒါဟာ အကြမ်းဖက် သမားတွေက ကျွန်တော့တို့ ဆီပေးချင်တဲ့ message ပဲ။ သူက ကျွန်တော် တို့ကို သူမြင်သလို အဖြူနဲ့ အမည်းပဲ မြင်စေ ချင်တယ်။ သူက သူ့လို လူသား တိုင်းတာ သားကောင်တွေ ဆိုးဝါးသူတွေ မညီမျှ သူတွေလို့ သူခံစား နေရသလို ခံစားစေ ချင်တယ်။ ဒီနည်းနဲ့ သူရဲ့ စိတ်ကူးယဉ် ခံစားချက်နဲ့ သူရဲ့ ဝေခွဲမရတဲ့ စိတ်ဟာ အစစ်အမှန် ပါဆိုပြီး ကျွန်တော်တို့ အားလုံးကို ပါဝင်စေ ချင်တယ်။


ဒါပေမဲ့ လူတိုင်းက သူ့အပေါ် သနား ညှာတာကြ တဲ့အခါ သူရှုံးနိမ့် သွားတယ်။ ကျွန်တော် တို့က ကျွန်တော်တို့ ရထားတဲ့ အရာတွေကို၊ ကျွန် တော် တို့ကို ကယ်ဆယ်ရေး လုပ်ပေးသူ တွေကို ကျေးဇူးတင် ကြတဲ့ အခါ၊ ကျွန်တော်တို့ရဲ့ ကွဲပြား ခြားနားမှုကို အသိအမှတ် ပြုတဲ့အခါ သူရှုံးနိမ့် ပြန်တယ်။ အကြမ်းဖက် ၀ါဒနဲ့ ပြိုင်ဆိုင်တဲ့ စစ်ပွဲမှာ အဆင့် များစွာ ရှိပါတယ်။ စစ်ဆေးခြင်း ကနေ ဘာသာရေး ခေါင်းဆောင် တွေကို နားလည်စေခြင်း, online and offline နဲ့အကြမ်း ဖက် စခန်းတွေကို ရှာဖွေ ဖြိုခွဲခြင်းတွေ ပါဝင်တယ်။ အနဲဆုံး ဒီအကြမ်းဖက် စစ်ပွဲမှာ အပြစ် မဲ့တဲ့ ကလေး ငယ်တွေ ပါဝင်ခြင်း မရှိအောင် တားဆီး ရမယ်။ လူသားခြင်း မုန်းတီးခြင်း ၀ါဒကို လက်မခံဘဲ မုန်းနေသူ တွေကိုလဲ နားလည် အောင် ကြိုးစားခြင်း ဟာလဲ မုန်းတီး တာ လျော့ပါး စေခြင်းပဲ ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ လူမျိုးရေး စစ်ပွဲတွေ အကြမ်းဖက် တာတွေ ဖြစ်နေ ကြတယ်။ ကျွန်တော်တို့ နိုင်ငံက လူငယ်တွေ ကကော လူမျိုးရေး အကြမ်းဖက် မှုကို ဘယ်လို သဘော ထားမလဲ သိချင်လှ ပါတယ်။ Radical ideology is a poison disguised as a cure.
Author Mai Shine MYMC - MYMHOT