ဘုရင့်နောင် ဝင်း အတွင်းရှိ ကုန်စည်ပို့ဆောင်ရေးကားဂိတ် ပြောင်းရွှေ့ ရန် JICA နှင့် ဆွေးနွေးမှုများ ပြုလုပ်

ပို့စ်တင်ချိန် - 10/26/2013 06:15:00 PM


ရန်ကုန် ၊ အောက်တိုဘာ ၂၅။ ။ ယာဉ် ကြောပိတ်ဆို့မှုများကြောင့် ဘုရင့် နောင်ပွဲရုံနှင့် ယာဉ်ရပ်နား စခန်း ဝင်းအတွင်းရှိ ကားဂိတ် ကိုပြောင်း ရွှေ့ရန်အတွက် ဂျပန်နိုင်ငံအပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက် ရေးအေဂျင်စီ(JICA)နှင့် ဆွေး နွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါကုန်စည်ပို့ဆောင် ရေးယာဉ်ရပ်နားစခန်းကို ပြောင်း ရွှေ့ရန်အတွက် ယခင်ကအများ ပြည်သူ သယ်ယူပို့ဆောင်ရေးအာ ဏာပိုင်အဖွဲ့မှတစ်ဆင့် နိုင်ငံတော် သမ္မတထံ တင်ပြထားပြီး ယာဉ် ရပ်နားစခန်းပြောင်းရွှေ့ရန်အ တွက် JICA မှအဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်းတွင် လာရောက် လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

အဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း တွဲဖက်အတွင်း ရေးမှူးဦးကိုကိုနိုင်က''ဦးတို့အသင်းကယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ဖို့အတွက် နေရာပေး နိုင်ဖို့ တောင်းဆိုထားတယ်။ အဲဒါ ကို JICA က ဆာဗေးလာလုပ် တာပါ''ဟု ပြောသည်။

အဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်းမှ ဘုရင့်နောင် ဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းနိုင်ရန်အတွက် ယာဉ် ရပ်နားစခန်းတစ်ခုအသစ် တည် ဆောက်ရန်အတွက် အမှတ်(၁)နှင့် အမှတ်(၃)လမ်းမကြီးကြားရှိခရေပင်လမ်းအနီးတွင်လည်း ကောင်း၊ ရွှေပြည်သာမြို့နယ် တာ ယာစက်ရုံအနီးတွင်လည်းကောင်း၊ အမှတ်(၁) လမ်းမကြီးဘေး ရှိ သစ်လုံးများပုံထားသည့် ထောက်ကြန့်အနီး မြေနေရာများ ကို တင်ပြ ထားကြောင်း သိရသည်။

ဦးကိုကိုနိုင်က ''ဦးတို့ပြော တဲ့နေရာတွေက နောက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ လူနေထူထပ်မှုတွေ ကြောင့် ယာဉ်ကြောတွေကျပ်လာ နိုင်တယ်။ အဲဒါကြောင့်လှည်းကူး ဘက်ဆိုရင် ပိုအဆင်ပြေနိုင်တယ် ဆိုပြီး သူတို့ကပြောတယ်''ဟု ယင်း က ထပ်မံပြောသည်။

လက်ရှိဘုရင့်နောင်ပွဲရုံဝင်း အတွင်း အသင်းဝင်ဂိတ် ၃၀၀ ကျော်ရှိပြီး ယာဉ်ရပ်နားစခန်း ပြောင်းရွှေ့ရေးနှင့်ပတ်သက်၍ အသင်းသားများ၏ သဘောထား များကို ဆွေးနွေးမှုများပြုလုပ် ရမည်ဖြစ်ကြောင်း ယင်းက ထပ်မံ ပြောကြားသည်။ ဘုရင့်နောင်ဝင်း အတွင်းပွဲရုံနှင့် ကားဂိတ်ပေါင်း ၁၀၀၀ ကျော်ရှိပြီး နေ့စဉ်ကားအဝင် အထွက် ၆၀၀၀ မှ ၇၀၀၀ ခန့်ရှိ ကြောင်း သိရသည်။
Yangon Media Group
သန်းနိုင်ဦး