LG ဈေးသက်သာ Note ဖုန်း Pro Lite Dual

ပို့စ်တင်ချိန် - 10/03/2013 01:28:00 PM




ရုရှားဈေးကွက်ကို စတင်ရောက်ရှိမယ့် တောင်ကိုရီးယား LG ထုတ် ဈေးသက်သာ စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။

ဖန်သားမျက်နှာပြင်အရွယ် ၅.၅ လက်မရှိပြီး IPS display ကို အသုံပြထား ပါတယ်။ HD ထပ် resolution အနည်းငယ် ကျတဲ့ အရည်အသွေးပါ။ Processor က 1GHz dual-core ဖြစ်ပြီး RAM က 1GB ရှိပါတယ်။ internal Storage က 8 GB ရှိပြီး ဘက်ထရီက 3140 mAh ရှိပါတယ်။ Samsung Galaxy Note ဖုန်းတွေကလိုပဲ Pen လေး ပါလာတာမို့ Samsung Note တွေ ကို ယှဉ်ပြိုင်မယ့် ဖုန်း ဖြစ်တယ်လို့ ဆိုခြင်း ဖြစ် ပါတယ်။ အမှန်တော့ မပြိုင်နိုင်ပါဘူး။ ပြိုင်ဖို့အတွက်လည်း မဟုတ်ပဲ ဈေးသက်သာပြီး အရွယ်ကြီး တဲ့ အရည်အသွေး အသင့်တင့် စမတ်ဖုန်း တစ်လုံး အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးနှုန်းက ရုရှားငွေ 12,990 ruble ပါ။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၄၀၀ ရှိပြီး မြန်မာပြည်မှာဆိုရင် ၄ သိန်းအောက် ပေါက်ဈေးရှိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ source အချို့ ရဲ့ ဖော်ပြချက်အရ ရုရှားမှာပဲ ဖြန့် ချိမယ် လို့လည်း ဆိုပါတယ်။ အဲဒါလည်း သေချာမသိရသေးပါဘူး။ LG Pro Lite Dual ကို LG တို့ မကြာမီ တရားဝင် မိတ်ဆက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketilnt
Aung Kham (TSJ Team)
TechSpace Journal