တက္ကသိုလ်များချန်ပီယံဖွင့်ပွဲနဲ့ MissUniverseMyanmarမိုးစက်ဝိုင်

ပို့စ်တင်ချိန် - 10/06/2013 10:34:00 AM




တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲအားအောက်တိုဘာ ၅ ရက်နေ့  ၃း၃၀ နာရီက
ရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာရန်ကုန်တိုင်း
ဝန်ကြီးချုပ်ဦးမြင့်ဆွေ တက်ရောက်ပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်အတူ
အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ဗိုလ်ချုပ်မှူးကြီး
(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်( ဖိုးလပြည့်)တို့ က
အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။
“2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များ
ချန်ပီယံလိဂ်ဆုဖလားကြီးကို အဖွင့်ပွဲစဉ်အခမ်းအနားတွင်
ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း”
ဟုတင်ကြိုအသိပေးခဲ့တဲ့အတိုင်း
ပြိုင်ပွဲချီးမြှင့်မည့် တက္ကသိုလ်များ ချန်ပီယံလိဂ်ဆုဖလား အား
ပူပူနွေးနွေး Miss Universe Myanmar ဆုရှင် မိုးစက်ဝိုင်
ကပြိုင်ကားဖြင့် ကွင်းတစ်ပတ်ပတ်ပြီး သယ်ဆောင်လာကာ
ဆုဖလားကိုစင်မြင့်ထက်သို့ သယ်ယူပို့ ဆောင်ပေးခဲ့ပါသည်။
ဖွင့်ပွဲနေ့ တွင် ဆေး(၁) နှင့် WYTU တို့ စတင်ယှဉ်ပြိုင်ကစားကြပြီး
အဆိုပါ ပြိုင်ပွဲတွင်ချန်ပီယံဆုရအသင်းအားကိုနေရွှေသွေးအောင်
မှသိန်း ၅၀ ဆုချီးမြှင့် မည်ဟု လည်းသိရပါသည်။
ရန်ကုန်ယူနိုက်တက်ကွင်း၊တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့ တွင်
ယှဉ်ပြိုင်ကစားကြမည့်တက္ကသိုလ်များ ချန်ပီယံလိဂ်ဘောလုံး
အားကစားပွဲကိုအောက်တိုဘာ ၂၇ ထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။
၁။ရွှေရုပ်တု (တန်ဖိုး - 700 US$)။၂။ရွှေဖိနပ်ဆု (တန်ဖိုး - 320 US$)။
၃။ကြယ်တံဆိပ်ရုပ်တု (တန်ဖိုး - 165 US$) ။၎။လည်ဆွဲတံဆိပ်ပြားများ (၁ခုလျှင် - 5 US$ )-ဖြစ်ပြီးဆုတံဆိပ်များအားလုံးကို စင်ကာပူနိုင်ငံမှ
သီးသန့်မှာယူတင်သွင်းထားခြင်းဖြစ်ပြီး နှစ်ရှည်လများခံစေရန် သတ္တုဖြင့်ပြုလုပ်ထားကြောင်းလည်းUniversities Champions League ဆုတံဆိပ်များ၏တန်ဖိုးကိုUniversities Champions Leagueမှသိရပါသည်။

Photo ZMT,credit-Universities Champions League,Ko SaiSai