MNL Cup 2013 ချန်ပီယံဆုဖလား ကမ္ဘောဇ အသင်း ပထမဆုံး ဆွတ်ခူး

ပို့စ်တင်ချိန် - 10/13/2013 11:50:00 AM


ရန်ကုန်၊ အောက်တိုဘာ ၁၃
ရန်ကုန်၊ သုဝဏ္ဏကွင်းတွင် အောက်တိုဘာ ၁၂ရက် ညနေ ၄နာရီက
MNL Cup 2013 ချန်ပီယံပွဲစဉ်တွင် ကမ္ဘောဇ အသင်းနှင့် မကွေး အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ
ကမ္ဘောဇ အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံ ဆုဖလားအား ပထမဆုံး အကြိမ် အဖြစ် ဆွတ်ခူးနိုင်ခဲ့ကြောင်းMFFမှသိရသည်။
ကမ္ဘောဇ အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးအား တိုက်စစ်မှူး စိုးမင်းဦးက ပွဲကစားချိန် ၄၃မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ချန်ပီယံ ကမ္ဘောဇ အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေကျပ် သိန်း(၂၀၀)နှင့်အတူ ချန်ပီယံ ဆုဖလား၊
ဒုတိယ ဆုရရှိခဲ့သည့် မကွေး အသင်းအား တစ်ဦးချင်း
ဆုတံဆိပ်များနှင့် အတူ ငွေကျပ် သိန်း(၁၀၀)၊တို့အား
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက
ပေးအပ် ချီးမြှင့်ခဲ့ကြောင်းMFFမှသိရသည်။T
Popular Myanmar News Journal