Nexus 5 Android Key Lime Pie ဗီဒီယိုထွက်ရှိ

ပို့စ်တင်ချိန် - 10/15/2013 08:30:00 AM


ခွန်နေ(AMMG)

အမှန်အကန်လား အကြံအဖန်လားတော့မသိ။ ဒီဗီဒီယိုဖိုင်ကတော့ လူ
ပြောသူပြောများပြီး အငြင်းပွားရဦးမယ့်အနေအထားပါပဲ။ Android 4.4 KitKat ပြီးသွားလို့ နောက်ထပ် K နဲ့ထပ်လာစရာအကြောင်းမရှိတော့ဘူးလို့
ထင်ထားပေမယ့် ယခုပြသသွားတဲ့ ဗီဒီယိုဖိုင်က စဉ်းစားစရာပါ။

ယခင်တုန်းက Nexus-5 ကို လာမယ့်အောက်တိုဘာ-၂၂ ရက် KitKat နဲ့
ပွဲထုတ်လာဖွယ်ရှိတယ်လို့ ယူဆထားပေမယ့် ယခုပြသထားတဲ့ ဗီဒီယိုလင့်ခ်
မှာတော့ အံ့အားသင့်ဖွယ် Android 5.0 Key Lime Pie နဲ့မြင်တွေ့ခဲ့ရပါတယ်။

တရားဝင်အနေနဲ့ မိတ်ဆက်ထားတာမဟုတ်ပေမယ့် ယခုမြင်တွေ့ရတဲ့ ဗီဒီယို
ဖိုင်ကတော့ Android သမားတွေအတွက် စိတ်ဝင်စားစေမှာတော့အမှန်ပါပဲ။ ဒီသတင်းမှန်ကန်မှုရှိမရှိဆိုတာကတော့ Nexus-5 ထွက်ရှိလာမှသာလျှင် ကြိမ်းသေ သိရတော့မယ့်အနေအထားပါ။

ဒါကြောင့် ဗီဒီယိုဖိုင်လေးကြည့်ရှုပြီး ဝေဖန်ပိုင်းခြားလို့ရအောင်မျှဝေပေးလိုက်
ပါတယ်။

လင့်ခ်ကတော့>>http://www.gsmarena.com/nexus_5_leaves_nothing_to_imagination_in_a_leaked_handson_video-news-6969.php

TechSpace Journal