Nexus Smartwatch ထွက်လာမည်ဟု သတင်းများထွက်ပေါ်

ပို့စ်တင်ချိန် - 10/07/2013 12:48:00 PM



ပြီးခဲ့တဲ့ ရက်ပိုင်းလေးတင် Nexus-5 နဲ့ပတ်သက်တဲ့သတင်း ပေါက်ကြားခဲ့လို့
အပြီး ယခုထပ်မံ ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ကတော့ Nexus Smartwatch ဆိုတာပါပဲ။

အောက်တိုဘာလရဲ့ လကုန်ရက်ဖြစ်တဲ့ ၃၁-ရက်နေ့မှာ အဆိုပါနာရီ ကို မိတ်ဆက်ပြသ လိုက်မယ်လို့ သတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။

Nexus Smartwatch ကို Android 4.4 KitKat အသုံးပြုမယ့် Nexus-5 နဲ့တွဲဖက် အသုံးပြုဖို့ ထွက်ရှိလာမှာဖြစ်တယ်လို့ သတင်းများက သုံးသပ် လျက်ရှိနေသလို အခြား Devices နဲ့လည်းတွဲဖက်အသုံးပြုနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

အကယ်လို့ ဒီသတင်းသာမှန်ကန်ခဲ့မယ်ဆိုပါက Samsung ကထုတ်တဲ့
Note-3,Samsung Smartwatch တို့နဲ့အပြိုင် Nexus မှာလည်းမြင်တွေ့ရဖို့
တော့ ရှိနေပြီဖြစ်ကြောင်း သုံးသပ်မိပါတယ်။

Ref:gadgets
ခွန်နေ(AMMG)
TechSpace Journal