မေမြတ်မွန် နဲ့ ဟန်းနီးမွန်းခရီး

ပို့စ်တင်ချိန် - 11/18/2013 09:26:00 AM


ပြီးခဲ့တဲ့ရက်ပိုင်း Facebook မှာ မိတ်ဆွေအရဆုံးမြန်မာအမျိုးသမီးဟာ မေမြတ်မွန် ဖြစ်ဖွယ် ရှိပါတယ်။

သူ့ရဲ့ အွန်လိုင်း သီချင်းရုပ်သံတွေကြောင့် သူနဲ့မိတ်ဆွေဖြစ်လိုသူ အများအပြား ပေါ်လာသလို သူ့ကို ခပ်စပ်စပ်ဝေဖန်လိုသူလည်း အများအပြား ပေါ်ပေါက်နေပါတယ်။

သူငယ်ချင်း ငါးထောင်  (၄၉၉၉ ဦး) ပြည့်သွားသလို
မေမြတ်မွန်ချစ်သူများ လို့ အမည်ရတဲ့ ဖေ့ဘုတ်စာမျက်နှာကလည်း like လုပ်သူ ငါးထောင် ကျော်နေပါပြီ။
ဆိုခဲ့သလိုပဲ ရက်အနည်းငယ်အတွင်း သူ့ Facebook ပေါ်မှာ မိတ်ဖြစ်ဆွေဖြစ်ကြိုးပမ်းမှုအများအပြားရှိတာကိုတော့ သိသိသာသာ တွေ့ခဲ့ရတာပါ။ သူက အားလုံးကို မိတ်ဆွေအဖြစ် လက်ခံဖို့ အခက်အခဲ ရှိကြောင်း အွန်လိုင်းကနေ အခုလို ရေးထားပါတယ် -

All my friends from all over the world, Don't be upset if I can not accept your friend request anymore because of the limit of Facebook...I don't have my own facebook page as well. However, you all can send me message and you all can look at my profile without any privacy. Feel free to listen to my funny music videos and feel free to talk to me....at any time..I will be always close to all my friends. Love you all ..Really! Music is my life. Love is my choice and Hate is the one I avoid.
Peace!
May Myat Mon.

အကျဉ်းချုပ် ဘာသာပြန်ရရင်... အားလုံးကို Facebook မှာ မိတ်ဆွေလက်ခံဖို့  မဖြစ်နိုင်ဘူး၊  လက်မခံနိုင်တဲ့အတွက် စိတ်မပျက်ကြပါနဲ့ ကမ္ဘာအရပ်ရပ်က မိတ်ဆွေများ လို့ ဆိုပါတယ်။

သူ့ဆီကို စာရေးနိုင်ပါတယ်၊  သူ့ Facebook ထဲက အချက်အလက်တွေကို ဖွင့်ကြည့်နိုင်တယ်၊  သူ့ရဲ့ အူကြောင်ကြောင်သီချင်းရုပ်သံများ (funny music videos) ကို နားထောင်ခွင့်ပြုပါတယ် တဲ့။

ပြီးတော့ Music is my life. Love is my choice and Hate is the one I avoid. လို့ ကာရန်နဘေတွေ  ဘာတွေနဲ့ ရေးထားတာ တွေ့ရမှာပါ။
ဂီတက ကျမဘဝဖြစ်သည်
အချစ်ကိုပဲ ကျမရွေးလိုက်ပြီ
အမုန်းကိုတော့ ရှောင်လိုက်ပါမည် တဲ့။

မင်္ဂလာဆောင်အသွားလမ်းမှာ စက္ကန့်သုံးဆယ်လောက် ရုပ်သံရိုက်ပြီး အွန်လိုင်း တင်လိုက်ပါသေးတယ်။ ရုပ်သံထဲမှာ သူ့ရဲ့မောင်၊  ယောင်းမတို့နဲ့ မိတ်ဆက်ပေးထားတာပါ။



ဒီကနေ့တော့ ဟန်းနီးမွန်းထွက်တယ် ဆိုပြီး My honeymoon....at Manly Beach လို့ ရေးပြန်ပါတယ်။ သူ့အမျိုးသားလား ... အင်း.... သူ့ facebook မှာ သူ့အမျိုးသားပုံ တွေ့ရမှာပါ။

လက်ထပ်အပြီးဟန်းနီးမွန်းခရီးဟာ လေထန်မှုနဲ့ ကြုံရတဲ့အတွက် ကမ်းခြေမှာ ရေကူးလို့ မဖြစ်နိုင်ဘူး တဲ့။



ရက်ပိုင်းအတွင်း အွန်လိုင်းမှာ အထင်ကရဖြစ်နေတဲ့၊ အများစိတ်ဝင်စားတဲ့သူက သူတယောက်ပဲ ရှိဦးမယ်လို့ ထင်ပါတယ်။ ဆက်ပြီးတော့လည်း စိတ်ဝင်စားနေကြမယ်၊ သူကလည်း သူ့အလုပ်တွေ သူ ဆက်လုပ်သွားဖွယ်ရှိမယ်လို့ ယူဆရပါတယ်။

Irrawaddy