ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့် ရန်ကုန်မြို့တွင်း ၅ နေရာတွင် အင်တာနက်စတင် သုံးစွဲနိုင်ပြီဖြစ်

ပို့စ်တင်ချိန် - 11/26/2013 12:02:00 PM


ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း ရန်ကုန်မြို့ရှိ ပြိုင်ပွဲကျင်းပမည့် နေရာ၅
နေရာတွင် နိုဝင်ဘာလဒုတိယအပတ်မှ စတင်ပြီး အင်တာနက် သုံးစွဲနိုင်နေပြီ
ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ညွန့်က
Tech Space သို့ပြောကြားသည်။

ဦးမျိုးမြင့်ညွှန့်က "နိုဝင်ဘာလ ဒုတိယအပတ်မှာ Wi Fi ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ အခု ရန်ကုန်မှာ ပြိုင်ပွဲပြုလုပ်မယ့် နေရာ
၅ နေရာစလုံး သုံးလို့ရနေပြီ" ဟု Tech Space ၏ မေးမြန်းမှုကိုဖြေကြားခဲ့
သည်။

Red Link မှာ ရန်ကုန်မြို့ရှိပြိုင်ပွဲကျင်းပမည့် သုဝဏ္ဏအားကစားရုံ၊ မြောက်ဒဂုံ သေနတ်ပစ်ကွင်း ၊သိမ်ဖြူ အားကစားရုံ၊
နှင့် MCC ခန်းမတို့တွင် အင်တာနက် Wi Fi အခမဲ့ ဝန်ဆောင်မှုပေးသွား
မည်ဖြစ်သည်။ Red Link ကုမ္ပဏီမှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရွှေသံ
လွင် ကုမ္ပဏီတို့နှင့် အတူ ဆီးဂိမ်းစ် ပြိုင်ပွဲ၌ အင်တာနက် Wi Fi အခမဲ့ ဝန်
ဆောင်မှုပေးရန်အတွက် လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီဖြစ်ပြီး ဆီးဂိမ်းစ်
ပြိုင်ပွဲ၏ တရားဝင် Web Site ကိုလည်း Red Link မှတာဝန်ယူလွှင့်တင်ပေး
ခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရန်ကုန်မြို့ ၌ အားကစားနည်း ၇ မျိုး လက်ခံကျင်း
ပသွားမည်ဖြစ်ပြီး အမျိုးသား ဘောလုံးအုပ်စုပွဲစဉ်များ ၊ ကမ်ပိုအားကစားနည်း၊ နပန်းအားကစားနည်း၊ သေနတ်ပစ်၊ အလေးမ၊ ကာယဗလ၊ ဟော်ကီအားကစားနည်းတို့ ပါဝင်မည်ဖြစ်သည်။

အေဝမ်း
TechSpace Journal