အငှားယာဉ်ပေါ် ၌ဓါးရှည် (၁)ချောင်းတွေ့ရှိ၍ ယာဉ်မောင်းအားအရေးယူ

ပို့စ်တင်ချိန် - 11/04/2013 03:56:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၎

၃၁.၁၀.၂၀၁၃ရက်နေ့ ၂၃၃၀အချိန်တွင်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ဆယ်အိမ်မှူးများနှင့်ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့နယ်၊အမျိုးသားကဇာတ်ရုံရှေ့မြို့မကျောင်းလမ်းတွင်ယာဉ်စစ်ပိတ်ဆို့
ဆောင်ရွက်နေစဉ် မြောက်မှတောင်သို့ ယာဉ်မောင်း ဇော်ငြိမ်းအေး (ဘ)ဦးသန်းထွန်း၊ ဘောဂရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူ
မောင်းနှင်လာသော၇ဃ/---- ကိုရိုလာ အဖြူရောင်အငှားယာဉ်အား
စစ်ဆေးရာ ယာဉ်မောင်းထိုင်ခုံယာဘက်ဘေး၌ ဓါးအိမ်ပါဓါးရှည် (၁)ချောင်းအားတွေ့ရှိသိမ်းဆည်းရမိသဖြင့် ယာဉ်မောင်းဇော်ငြိမ်းအေးအား ဒဂုံမြို့မရဲစခန်း(ပ)၂၃၄/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police