ကျွန်ုပ်တို့သမ္မတဘာလုပ်နေသလဲ

ပို့စ်တင်ချိန် - 11/02/2013 11:34:00 AM


မန်းရေနံမြေသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံးရေနံမြေဖြစ်ပါသည်။
ယခင်က US အခြေစိုက် Baker Huges နှင့် MOGE တို့ စာချုပ် ( Incremental Production) ကို 1990 နောင်းပိုင်း၌ ချုပ်ဆိုခဲ့ပါသည်။ International Sanction ကြောင့် Baker Huges မှာဆက်လက် ၍ မလုပ်ကိုင်နိုင်တော့ဘဲ ပြည်တွင်း ရေနံ သဌေးကြီး Michael Moe Myint ၏ MPRL မှ ဆက်လက်၍ MOGE နှင့် ချုပ်ဆိုခဲ့ပါသည်။ ထိုစဉ်က တွင်းပေါင်း ၇၀၀ ကျော်မှ နေ့စဉ် ရေနံစည်ပေါင်း ၂၀၀၀ ကျော်ထွက်ရှိခဲ့ပါသည်။
ယခုအခါတွင် MOGE ၏တရားဝင်စာရင်းဇယားအရ (ပူးတွဲပါ MOGE မှ အထူးအရာရှိ၏ မြန်မာ့ရေနံ Workshop တွင်တင်ပြထားသော) တစ်နေ့တွင် ရေနံစည်ပေါင်း ၁၅၅၉ ခန့်ထွက်ရှိသည်ဟု တင်ပြထားပါသည်။ အခြား မပြထားသော စာရင်းနှင့် ပေါင်းလျှင် တစ်နေ့ ရေနံစည် ၁၈၀၀ ရှိပါသည်။

အထက်မှာတင်ပြခဲ့သော MPRL နှင့် MOGE ချုပ်ဆိုခဲ့ သော စာချုပ်မှာ ပြီးခဲ့သော သြဂုတ်လ ၂၀၁၃ ခုနှစ်တွင် ပျက်ပြယ်ခဲ့ပြီးဖြစ်ပါသည်။
သမ္မတ၏ ပွင့်လင်းမြင်သာသော ပေါ်လစီနှင့် သန့်ရှင်းသော Good Governance ထုံးစံအရ တင်ဒါပြန်လည်ခေါ်ယူ ပြီးနိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်ပေး နိုင်သော အဖွဲ့နှင့်ထပ်မံ စာချုပ်ချုပ်ဆိုရန်ဖြစ်ပါသည်။

သို့သော် မည်သည့်အကြောင်းပြချက် တစ်စုံတစ်ရာမှမရှိဘဲနှင့် တင်ဒါခေါ်ယူခြင်း မရှိတော့ဘဲ MPRL အားပြန်လည်ပေးအပ်ရန် Ministry of Energy , EPD မှ ဆုံးဖြတ်ခဲ့ပါသည်။ ရေရှည်လုပ်ခဲ့သောကြောင့် တင်ဒါမခေါ်ဘဲပေးလားဟုတွေးကာ အနည်းငယ်နားလည် ခွင့်လွှတ်နိုင်စရာရှိသည်ဟု ဆိုနိုင်ပါသည်။
သို့သော် အံအားသင့်စရာကောင်းအောင်ဖြစ်လာသည်က တစ်နေ့ ရေနံစည် ၁၈၀၀ ထွက်ရှိသော ရေနံမြေအား တစ်နေ့ ရေနံစည် ၅၇၀ သာ ထွက်ရှိသည်ဟု ဖော်ပြ စာချုပ်ချုပ်ဆိုခြင်းမှာ နိုင်ငံတော်အတွက် တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် လွန်စွာနစ်နာလှပါသည်။
ဤဖြစ်ရပ်သည် စီးပွားရေးအရမှားယွင်းစွာလုပ်ရပ်အဖြစ်သာမက ဥပဒေရေးရာ အရလည်း အလွန်ပင်အပြစ်ကြီးလေးသော အပြစ်ဖြစ်ပါသည်။ ဥပဒေသမားများသာလျှင် ပုဒ်မ ဘယ်နှစ်ခု တပ်လို့ရမည်ဆိုသည်ကို သိပါလိမ့်မည်။

ဒီမိုကရေစီစနစ်ကျင့်သုံးနေချိန်တွင် အများသူငါ ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများအား လာဘ်မပေးလျှင် မြန်မာပြည်တွင် စီးပွားရေးလုပ်၍မရ၊ ပိုက်ဆံပေးရင် မြန်မာနိုင်ငံ၏ သံယံဇာတများအား သား၊ သမီး၊ မြေး၊ မြစ် အထိ သုံးမကုန်အောင် ခံစားနိုင်ကြဘို့ နိုင်ငံ၏ သယံဇာတများကို အောက်ကြေးဖြင့် သူခိုးဆန်ဆန် လုပ်နိုင်သည့်ဘက်သို့လမ်းကြောင်း ပေးနေခြင်းကို မမြင်လို၍ ဖွင့်ချရခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့တင်ပြထားသော သက်သေအထောက်အထားများအား ကြည့်ရှု၍ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်နိုင်ပါသည်။
လက်ရှိ MOGE ၏ စာရင်းဇယားအရ တစ်နေ့ထွက်ရှိ ရေနံစည် ပမဏ ၁၅၅၉ ( မှတ်ချက် MOGE ၏ စာရင်းဇယားများမှာ Non Economic Wells မှ ထွက်ရှိသော ရေနံမ ပါလျင် တစ်နေ့လျှင် ၁၈၀၀ ခန့်ရှိ)
MRPL မှ MOGE နှင့် ချုပ်ဆိုသော စာချုပ်အရ တစ်နေ့ ရေနံစည်ပမာဏ - ၅၇၀ စည်နိုင်ငံတော်၏ တစ်နေ့ ဆုံးရှုံး မှုရေနံပမာဏ - ၁၀၀၀ စည်
နိုင်ငံတစ်ကာ ရေနံပေါက်ဈေး တစ်စည် - ဒေါ်လာတစ်ရာ
နိုင်ငံတော်၏ တစ်နေ့ဆုံးရှုံးမှု - ဒေါ်လာ တစ်သိန်း
အခြားသော ခရိုနီကြီးများသည် တစ်နေ့ တွင် သိန်းတစ်ထောင်ရှာရန် မနည်းကြိုးစား သည့်အချိန်တွင် MPRL မှ ဦးမိုးမြင့် မှာ မည်သူမှ မသိဘဲ၊ အစိုးရဌာနမှ အကျင့်ပျက် များနှင့်ပေါင်းကာ စက္ကူကိုခြစားသလို ထင်တိုင်းကြဲနိုင်နေသည်မှာ အံ့သြစရာ ကောင်းလှပေသည်။

ကျွန်ုပ်တို့သည် ဤ Email အား စာဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ သမ္မတရုံး တို့အား ပေးပို့ထားသော်လည်း မည်သူမျှအကြောင်းပြန်ခြင်း၊ အရေးတယူ စစ်ဆေးခြင်းများ မပြုလုပ်ကြ၍ (ခက်ခက်ခဲခဲ စစ်ဆေးစရာပင်မလို၊ ကျွန်ုပ်တို့၏ ယခုစာတွင် ပူးတွဲပါများအားလေ့လာမှုနှင့်လုံလောက်ပါသည်။) မနေသာသသည့်နိုင်ငံသားများအနေ နှင့် ထပ်လောင်းတင်ပြခြင်းလည်းဖြစ်သည်။

ထိုထက်ပိုဆိုးသည်မှာ MPRL မှဘဲ ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကုန်းတွင်း ပိုင်းလုပ်ကွက်များအား ပြောင်ပြောင်တင်းတင်း ၊ လေးကွက်ပြိုင် လေးကွက် စလုံးနိုင် ပုံစံဖြင့်ယူခဲ့ပါသည်။
ပွင့်လင်းမြင်သာမှုနှင့် လာဘ်လာဘကင်းစင်သန့်ရှင်းသော အစိုးရဟု သမ္မတကြီးက မိန့်ခွန်းတိုင်းထည့်ပြောနေလင့်ကစား စွမ်းအင်ဝန်ကြီးဌာနသည် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမေရိကန်၊ သြစတြေးလျ စသောနိုင်ငံများမှ ရေနံကုမ္ပဏီ များအား မည်သို့မည်ပုံ တင်ဒါဖွင့်သည်ကိုမပြဘဲ လာဘ်သိပ်ထိုး လုပ်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဘက်စုံ ပြုပြင်ပြောင်းလဲမှု (Reform) လုပ်နေချိန် တွင် တာဝန်ရှိသည့် ၀န်ထမ်းများ အကျင့်ပျက်ခြစားမှုများကြောင့် မြန်မာနိုင်ငံအတွက် ရေရှ

မတရားမှု၊ညှင်းပမ်းနှိပ်စက်မှု၊လာဘ်စားမှုတွေ ဒီမှာလာရင်ဖွင့်ပါ။