တရုတ်နိုင်ငံက လပေါ်သို. ဂြိုဟ်တု လွှတ်မည်

ပို့စ်တင်ချိန် - 11/27/2013 08:06:00 AM




လူလိုက်ပါခြင်း မရှိတဲ့ လဆင်းယာဉ် တစ်စင်းကို ပထမဆုံး အကြိမ်အဖြစ် လွှတ်တင်ဖို. ရည်ရွယ်ထားတယ်လို. တရုတ်နိုင်ငံက ကြေငြာလိုက်ပါတယ်။

ရှေ.လမှာ လွှတ်တင်မယ့် ဒီလဆင်းယာဉ်ကို တရုတ်ဘာသာနဲ. Yutu လို. အမည်ပေးထားပြီး ကျောက်စိမ်းယုန် "Jade Rabbit" လို. အဓိပ္ပါယ် ရပါတယ်။ ရွှေလမှာယုန်ဝပ်တယ် ဆိုတဲ့ တရုတ် ရိုးရာဓလေ့ကို အစွဲပြုပြီး ခုလို အမည် မှည့်ခေါ်တာလို.လဲ သိရပါတယ်။

တရုတ်နိုင်ငံဟာ ဒီနှစ်ပိုင်းတွေမှာ အာကာသ နည်းပညာပိုင်းနဲ. ပက်သက်လို. ထူးထူးခြားခြား အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်နိုင်တာကို တွေ.မြင်ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက တရုတ် အာကာသယာဉ်မှုးတွေဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ၁၅ ရက်ကြာ နေထိုင်ခဲ့ပြီး ကမ္ဘာမြေကို အောင်မြင်စွာ ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာလဲ လပတ်လမ်းကြောင်းထဲကို Chang'e လို. အမည်ပေးထားတဲ့ ဂြိုဟ်တု တစ်စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။ ဒီဂြိုဟ်တုဟာ ၁၆ လကြာ လကို လှည့်ပတ်အပြီးမှာ လမျက်နှာပြင်ပေါ်ကို ကြိုတင် စီစဉ်ထားတဲ့အတိုင်း ပျက်ကျသွားခဲ့ပါတယ်။

ယခုတကြိမ် လဆင်းယာဉ် လွှတ်တင်မယ့်နေ.ကို အတိအကျ မပြောပေမယ့် ဒီဇင်ဘာ လဆန်းပိုင်း ဖြစ်မယ်လို. တာဝန်ရှိသူတွေက ပြောပါတယ်။ စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်လာမယ်ဆိုရင် လွှတ်တင်မယ့် လဆင်းယာဉ်ဟာ ဒီဇင်ဘာ လလယ်လောက်မှာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

Jade Rabbit လဆင်းယာဉ်ဟာ လပေါ်က သက်တန်.ပင်လယ်အော် "Bay of Rainbows" လို. ခေါ်တဲ့ ဒေသတ၀ိုက်မှာ ဆင်းသက်မှာ ဖြစ်ပြီး လပေါ်မှာ သုံးလကြာ သွားလာ စူးစမ်းမယ့် လေ့လာရေးယာဉ်ကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လဆင်းယာဉ်ရဲ. အမည် Yutu ခေါ် "Jade Rabbit" ကို တရုတ်နိုင်ငံသား သန်းပေါင်းများစွာက အင်တာနက်ကနေ Vote လုပ်ပြီး ရွေးချယ်ခဲ့တာလို. သိရပါတယ်။ တရုတ်တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒီအာကာသ အစီအစဉ်တွေဟာ တရုတ်ပြည်သူတွေကြား ရေပန်းစားနေပြီး တရုတ်နိုင်ငံသားတွေရဲ. အောင်မြင်မှုတွေလို. တရုတ်ပြည်သူတွေက ဂုဏ်ယူနေကြကြောင်း သိရှိရပါတယ်။