ရောက်တတ်ရာရာ အင်္ဂလိပ်စာ အသုံးအနှုန်းများ

ပို့စ်တင်ချိန် - 11/23/2013 08:52:00 AM





ကျွန်တော့်ရဲ့ စိတ်ကူးရောက်ရာ လျှောက်ရေးထားတယ့် အင်္ဂလိပ်စာ အသုံးအနှုန်းလေးတွေပါ ။

(1) အချိန်တန်တော့ ဆိုတာကို In due course လို့ သုံးပါတယ် ။ ဒါနဲ့ပါတ်သတ်လို့ စကားပုံ တစ်ခုရှိပါတယ် ။
" At first a habit is like a cobweb . In due course it becomes a chain of steel "

(2) ဖြစ်များဖြစ်ခဲ့ရင် ( ဖြစ်ဖို့ခဲယဉ်းတယ် ဆိုတယ့် သဘောပါတယ်) ဆိုတာကို If ever လို့သုံးပါတယ် ။
If ever , I am late
ငါနောက်များနောက်ကျခဲ့ရင် ( နောက်ကျဖို့ ခဲယဉ်းတယ့် သဘောပါတယ် )

(3) လှိုက်လှိုက်လှဲလှဲ နက်နက်နဲနဲဆိုတာကိုတော့ from the bottom of one's heart လို့သုံးပါတယ် ။
I have a huge crush on her from the bottom of my heart .
*ဒီနေရာမှာ have a crush on ဆိုတာ အီဒီယမ်ပါ a strong feeling of love လို့ ဖွင့်ဆိုထားပါတယ် ။

(4) ဒီနေ့က စပြီးတော့ ဆိုတာကို from now on လို့သုံးပါတယ် ။
Never darken my door again from now on !!!
*ဒီနေရာမှာ darken one's door ဆိုတာ အိမ်ရိပ်နင်းတယ် ဆိုတယ့် အီဒီယမ်ပါ ။

(5) ဘာပဲဖြစ်ဖြစ်ဆိုတာကို at all costs လို့ သုံးပါတယ် ။ ဒီစကားလုံးပါတယ့် ဆိုရိုးစကားတစ်ခုရှိပါတယ် ။
Marry at all costs .If you get a good wife , you will become a happy man . If you get a bad
wife , you will become a philosopher .
*ဘာသာပြန်ပြနေစရာ မလိုဘူးထင်ပါတယ်နော်

............အချိန်ရခဲ့ရင် ဆက်ပါဦးမယ်
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ