၂၀၁၃ခုနှစ် အဝေးသင်ပညာရေး အောင်ချက်ရာခိုင်နှုန်း များလာနိုင်မည်

ပို့စ်တင်ချိန် - 11/04/2013 02:03:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၃။

၂၀၁၃ခုနှစ် အဝေးသင်ဖြေဆိုသော ပထမအသုတ်၊
ဒုတိယအသုတ်၊ တတိယအသုတ် ကျောင်းသား၊
ကျောင်းသူများမှာ စနစ်ဟောင်းအား နောက်ဆုံး သင် ကြားဖြေဆိုရခြင်း ဖြစ်သောကြောင့် အောင်ချက် ရာခိုင်နှုန်း
ယခင်နှစ်ထက် များလာနိုင်မည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်
ပထ၀ီဌာနမှ ဆရာမများက ပြောကြားသည်။

ယခင်နှစ်အဝေးသင်ပညာရေးစနစ်တွင် ပထမနှစ်နှင့် တတိယနှစ်များတွင် ဖြေဆိုသော ကျောင်းသား ကျောင်း
သူများ၏ အောင်ချက်ရာခိုင်နှုန်း မှာ ကျရှုံးခြင်းများစွာ
ရှိကြောင်း အဝေးသင်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူ များက ပြောကြားသည်။

“ပညာရေးစနစ်ပြောင်းမယ်ဆိုတာ သင်ကြားရေးပြောင်းလဲ
တော့ ဖြေဆိုမှုအပိုင်းမှာ အခက်အခဲတွေရှိ လာနိုင်တယ်။
သေချာစစ်ဆေးပြီး အောင် မှတ်ကျိန်းသေရမှပဲ အောင်သွား
မှာပါ”ဟု ဒဂုံတက္ကသိုလ်ပထ၀ီဝင်ဌာန မှ ဆရာမတစ်ဦးက
ပြောကြားသည်။

အဝေးသင်ပညာရေးစနစ် သင်ကြားဖြေဆိုနေသော
ကျောင်းသားကျောင်းသူများ သည် Assigment စာစဉ်တွင် အတန်းတင်စာမေးပွဲအတွက် အထောက်အကူပြုသော
ဘာသာရပ်များကို ကြို တင်ဖြေဆိုထားရပြီး အနီးကပ်
၁၀ရက်တွင် အတန်းတက်သောလက်မှတ်ဖြင့် စာမေးပွဲ
အတွက် အမှတ်ပေါင်း ပေးခြင်းများရှိကြောင်း ဒဂုံတက္ကသိုလ် ဆရာမများက ပြောကြားသည်။

“သင်ကြားရေးနှစ်တိုးတာ အဝေးသင်တွေတက်လာသူ
အတွက် အဆင်မပြေဘူး။ စာရမှအောင်တော့ မယ်ဆိုရင်
ကျောင်းသူကျောင်းသားတွေ အတွက် အများကြီး အခက်
အခဲရှိတယ်။ အခုတောင် ကျက်ပြီး ဖြေရတာ အလုပ်နဲ့သူတွေ အဆင်မပြေဘူး”ဟု ဒဂုံတက္ကသိုလ်အဝေးသင် ပထ၀ီဌာနမှ
မောင်သက်ပိုင်ဇော်က ပြောကြားသည်။

အဝေးသင်ပညာရေးစနစ်ဟောင်းတွင် သင်ကြားရသော
ပညာရေးနှစ်မှာ သုံးနှစ်ဖြစ်ပြီး စနစ်အသစ်တွင် သင်ကြား
ရေး ၁-နှစ် တိုးမြှင့်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ များ၏ အောင်ချက်ရာခိုင်နှုန်း တိုးမြှင့်မည်ဖြစ် သောကြောင့်
ကျောင်းသားကျောင်းသူများ၏ အောင်ချက်ရာခိုင်နှုန်း
လျော့သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၃ခုနှစ် အဝေးသင်ပညာရေးစနစ်တွင် ပထမ
အသုတ် သိပ္ပံဘာသာရပ်များဖြေဆိုပြီးချိန်တွင် ဒုတိယ
အသုတ် ၀ိဇ္ဇာဘာသာရပ်များမှ အောက်တိုဘာလအတွင်း၌ အနီးကပ်ကျောင်းတက်ပြီး အတန်းတင် စာမေးပွဲကိုဖြေဆို
ရပြီး တတိယအသုတ်များမှာ နိုဝင်ဘာလအတွင်း သင်ကြား
ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ရေးသားသူ -မေထက်မြင့်စိုး
တည်းဖြတ်သူ-နီတိုး
People Power