ပဉ္စမတန်းကျောင်းသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံး

ပို့စ်တင်ချိန် - 11/12/2013 11:19:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၁၁

၁၀.၁၁.၂၀၁၃ရက်နေ့ ၁၆၀၀အချိန် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်
ရပ်ကွက်နေ မောင်ကျော်ကျော်နိုင်၊ ပဉ္စမတန်း (ဘ)ဦးသန်းဇော်သည်
ကျောင်းဆင်းချိန်တွင် နေအိမ်သို့မပြန်ဘဲ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းတွင် ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း၊
မောင်ကျော်ကျော်နိုင်အား ကြည့်မြင်တိုင်မြို့မရဲစခန်းနှင့် ဆိပ်ကမ်းမြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များသည် သမ္ဗာန်မောင်းသူများနှင့်အတူ မြစ်ကြောင်းတစ်လျှောက် ရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police