တောင်ငူရေကြီးမှုသတင်းဓါတ်ပုံများ

ပို့စ်တင်ချိန် - 11/01/2013 09:40:00 AM

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်၊ ဆွာ၊ သာဂရနှင့် တောင်ငူမြို့နယ် များတွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကာ စစ်တောင်းမြစ်ရေ စံချိန်တင် မြင့်တက်ခဲ့မှုကြောင့် ၃၈ နှစ်တာကာလ အတွင်း အဆိုးရွားဆုံး ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရပြီး ဆန်နှင့် စားသောက်ကုန်များ ရှားပါးလာနေကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်း ဆောင်ရွက်နေသူများက The Voice သို့ ပြောကြားသည်။

The Voice Weekly