ဗဟန်းမြို့နယ်နှင့် ဒဂုံမြို့နယ်များမှ ခိုးမှုများဖေါ်ထုတ်

ပို့စ်တင်ချိန် - 11/26/2013 01:30:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၆

၂၂.၁၁.၂၀၁၃ရက်နေ့ ၁၃၃၀အချိန်တွင်ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့
မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည်ခိုးမှုများ
ကျူးလွန်ထားကြောင်း သတင်းရရှိသူ ထိန်လင်းဦး(ခ)ကောင်းကောင်း(ခ)
အခြောက်မ (ဘ)ဦးစန်းမျိုးဦး၊ အောင်သိပ္ပံလမ်း၊ (၇၀)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူနှင့် ဇင်မျိုးကျော်(ခ)မျိုးမျိုး(ဘ)ဦးသိန်းထွန်းအောင်၊ ရန်ကြီးအောင်လမ်း၊ (၁၃)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတို့ (၂)ဦးအား လှိုင်သာယာမြို့နယ်မှဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထိန်လင်းဦး(ခ)ကောင်းကောင်း(ခ)အခြောက်မအား စစ်ဆေးရာ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလရက်မမှတ်မိနေ့ ၂၃၀၀အချိန် ကန်တော်ကြီးပတ်လမ်းတွင် အမျိုးသားတစ်ဦးနှင့် အတူရှိနေစဉ် ၎င်းအမျိုးသားထံမှ HTC အမျိုးအစား ဟန်းဆက် (၁)လုံးအား
ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းကာ ဗဟန်းမြို့မရဲစခန်း(ပ)၄၅၃/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း၊ ထိန်လင်းဦး(ခ)ကောင်းကောင်းနှင့် ဇင်မျိုးကျော်(ခ)မျိုးမျိုး၊
ပြည့်ပြည့်(ခ)မိုးပြည့်(စုံစမ်းဆဲ)၊ မင်းကျော်ဌေး(ခ)နွယ်နီတို့(၄)ဦးသည် ၁၄.၁၁.၂၀၁၃ရက်နေ့ ည ၂၂၀၀အချိန်ခန့် ဒဂုံမြို့နယ်၊ အလုံလမ်းမပေါ်ရှိ အမှောင်ရိပ်တွင် အမျိုးသားတစ်ဦးနှင့် အတူရှိနေကြပြီး ထိန်လင်းဦး(ခ)
ကောင်းကောင်းနှင့် ဇင်မျိုးကျော်(ခ)မျိုးမျိုးတို့မှ ၎င်းအမျိုးသား ၀တ်ဆင်ထားသည့် ၁၅ပဲ၊ ၅ ရွေးရှိ ရွှေဆွဲကြိုး (၁)ကုံးအားဖြုတ်ယူခဲ့ပြီး
ပေါင်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းကာ ဒဂုံမြို့မရဲစခန်း(ပ)၂၅၂/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်အရေးယူထားရှိပါသည်။

ဖမ်းဆီးရမိသူ ထိန်လင်းဦး(ခ)ကောင်းကောင်းသည် ၂၀၁၃ခုနှစ်၊(၉)လပိုင်း
ရက်မမှတ်မိနေ့ ၀၁၃၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ အလုံလမ်းမပေါ်ရှိ
မှောင်ရိပ်တွင် အမျိုးသားတစ်ဦးနှင့်အတူရှိနေစဉ် ၎င်းအမျိုးသားထံမှ iphone4 အနက်ရောင်တစ်လုံးအားခိုးယူခဲ့သည့်အပြင် ၎င်းလ ရက်မမှတ်မိနေ့ ၀၂၀၀အချိန် အလုံလမ်းမပေါ်ရှိ မှောင်ရိပ်၌ပင် အမျိုးသားတစ်ဦးထံမှ iphone (၁)လုံး၊၎င်းလရက်မမှတ်မိနေ့ ၂၃၀၀အချိန် အလုံလမ်းပေါ်ရှိ မှောင်ရိပ်၌ပင် အမျိုးသားတစ်ဦးထံမှ SAMSUMG လက်ကိုင်ဖုန်း (၁)လုံးတို့အားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်
သဖြင့် ပြန်လည်သိမ်းဆည်းခဲ့ပြီး ဒဂုံမြို့မရဲစခန်း(ပ)၂၅၃/၂၀၁၃၊
ပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police