စင်​ကာ​ပူ ​စာ​တိုက်​တွေ​က​နေ​တ​ဆင့် ​မြန်​မာ​နိုင်​ငံ​ကို ​ငွေ​လွှဲ ​ရ​ပြီ

ပို့စ်တင်ချိန် - 11/28/2013 08:54:00 AM



စင်​ကာ​ပူ ​စာ​တိုက်​တွေ​က​နေ ​တ​ဆင့် ​မြန်​မာ​နိုင်​ငံ​ကို ​ငွေ​ပို့​ငွေ​လွှဲ ၀န်​ဆောင်​မှု​တွေ ​ပေး​သွား​မှာ ​ဖြစ်​တယ်​လို့ ​စင်​ကာ​ပူ ​စာ​တိုက် ​ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

က​မ္ဘာ​မှာ ​ပ​ထ​မ​ဆုံး​အ​ဖြစ် ​စာ​တိုက်​က​နေ​တ​ဆင့် ​ငွေ​လွှဲ​ပို့​မယ့် ၀န်​ဆောင်​မှု​ကို ​မြန်​မာ​ကို ​ပေး​သွား​မှာ​လို့ ​နိုဝင်​ဘာ​လ ၂၇ ​ရက်​နေ့​က ​စ​ကာင်္​ပူ​စာ​တိုက်​က ​ထုတ်​ပြန်​ချက်​မှာ ​ကြေ​ညာ​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​က ​အာ​ရှ ​စိမ်း​လန်း​ရေး​ဘဏ်၊ ​စီ​ဘီ​ဘဏ်၊ ​က​မ္ဘော​ဇ​ဘဏ်၊ ​ထွန်း​ဖောင်​ဒေး​ရှင်း​ဘဏ်​တို့​နဲ့ ​ပူး​ပေါင်း​လုပ်​ဆောင်​တာ ​ဖြစ်​တယ်​လို့​လည်း ​ပြော​ပါ​တယ်။

ငွေ​ပို့​ငွေ​လွှဲ​လုပ်​တာ​အ​ပြင် ​ပေး​ပို့​သူ​တွေ​က ​လ​စာ​ကို ​စု​ဆောင်း​ငွေ​တွေ​အ​ဖြစ် ​အိမ်​ကို ​ပေး​ပို့​နိုင်​သ​လို ​မြန်​မာ​က ​ဘဏ်​တွေ​က ​အ​တိုး​ပေး​သွား​မယ်​လို့​လည်း ​ဆို​ပါ​တယ်။

စင်​ကာ​ပူ​မှာ ​မြန်​မာ​နိုင်​ငံ​သား ၁ ​သိန်း​ခွဲ​က​နေ ၂ ​သိန်း​ရှိ​တယ်​လို့​လည်း ​ထုတ်​ပြန်​ချက်​က ​ဖော်​ပြ​ထား​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ