အစိုးရအဖွဲဝန်ကြီးချုပ်အားအရေးယူပေးရေး

ပို့စ်တင်ချိန် - 11/04/2013 10:36:00 AM

ပုံအကြီးကြည့်ရန် ကလစ်နှိပ်ပါ



" စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ်အားအရေးယူပေးရေးဆန္ဒပြပွဲ ပြုလုပ်လိုကြောင်း ထီးချိုင့်မြို့နယ်ရဲတပ်ဖွဲ့မှူးထံ စာတင်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်အား ရာထူးမှထုတ်ပယ်၍ ၁၉၆၃ခုနှစ် အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ(၃)အရ အရေးယူရေး အတွက် သမ္မတနှင့်
ပြည်သူ့လွှတ်တော်ဥက္ကဌတို့အား တိုင်ရန် အပါအ၀င် အခြားအချက်(၂)ချက်ကို ရည်ရွယ်၍ နိုဝင်္ဘာလ(၁၅)ရက်နေ့တွင် ဆန္ဒပြပွဲ ပြုလုပ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ၂၊၁၁၊၂၀၁၃ရက်နေ့ နေ့လည်
(၂)နာရီအချိန်က စာတင်လိုက်ပြီဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ (တသီးပုဂ္ဂလ)ရှေ့နေဦးစိန်လှမှ ဆက်သွယ်ပြောကြားခဲ့ပါသည်၊၀န်ကြီးချုပ်အနေနှင့် ၀န်ထမ်းများအပေါ် မလျော်သြဇာသုံး၍ ဦးတင်မောင်အား
ကာကွယ်ပေးနေခြင်း၊ အကျိုးတူ စီးပွားရေး ပူပေါင်းလုပ်ကိုင်နေခြင်း တို့အတွက် ယုံကြည်လောက်သော အထောက်အထားများရှိနေသဖြင့် ဆန္ဒပြရခြင်းဖြစ်ပြီး ဟောပြောပွဲများလည်း ပါဝင်ဟောပြောခွင့်ပြုရေး
စာတင်ခဲ့သည်ဟုဆိုပါသည်၊(ဟာဂျူလီ-ကသာ)