ထိုင်း နှင့် ကယားပြည်နယ် ဆက်သွယ်ရန် ကတ္တရာလမ်းဖောက်

ပို့စ်တင်ချိန် - 11/24/2013 07:18:00 AM


ငယ်ထွေး(ကလေး)

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။ ။ ကယား ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ထိုင်းနိုင်ငံနှင့်ဆက်သွယ် မည့် ဘီပီ ၁၃ လမ်းကို ကတ္တရာလမ်း အဖြစ် ဖောက်လုပ်နေကြောင်း ကယားပြည်နယ် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဦးချစ်လှက ရန် ကုန်တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။

ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်ခရိုင်နှင့် ကယားပြည်နယ် မယ်စဲ့မြို့နယ်တို့ ထိစပ်လျက်ရှိ သည့် ဘီပီ ၁၃ လမ်းသည် နောင် တစ်ချိန်တွင် နယ်စပ် ကုန်သွယ်ရေး လမ်းအဖြစ် ဖွင့်လှစ်ရန်ရည်ရွယ် ထားသဖြင့် ကယားပြည် နယ် ဒေ သခံများ၏ လူမှုဘဝနှင့် စီးပွား ရေးများကို တိုးတက် လာနိုင်စေသဖြင့်အဆိုပါလမ်းကိုဦးစားပေး ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိ ရသည်။

ကယားပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ က ''ကယားပြည်နယ် ကဝင်ပေါက် ထွက်ပေါက်မရှိတဲ့ကုန်းတွင်းပိတ် ပြည် နယ်တစ်ခု ဖြစ်နေတဲ့အခါ ကျတော့ ပြည်နယ်စီးပွားဖွံ့ဖြိုးတိုး တက်မှုက နောက်ကျကျန်နေသ လိုဖြစ်နေတယ်။ ဒီလမ်းကို လုပ် နိုင်မယ်ဆိုရင် ပြည်ပနဲ့ကုန်သွယ် ရေးလုပ်ငန်းတွေပိုလုပ်နိုင်ပြီး ဖွံ့ ဖြိုးတိုးတက်လာမယ်လို့ ယုံကြည် လို့ အစိုးရအဖွဲ့ကဦးစားပေးပြီး ဆောင် ရွက်နေတာပါ''ဟု ပြော သည်။

ဘီပီ ၁၃ လမ်းကို ၂၀၁၄ခု နှစ် နွေရာသီကာလအတွင်းတွင် အပြီးဖောက်သွားရန် ဆောင်ရွက် နေပြီး ယခင်လမ်းတွင် ချောင်းများ ကို ဖြတ်သွားရသည့် နေရာများ တွင် တောင်ပေါ်မှ တောင်ကျော် လမ်းများဖြင့် ဖောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''လမ်းလုံခြုံရေးကို ကရင် အမျိုးသားတိုးတက်ရေးပါတီ (KNPP)ကလဲ လုံခြုံရေးဆောင် ရွက်ပေးဖို့ တတိယအကြိမ်ပြည် ထောင်စု အဆင့်တွေ့ ဆုံပွဲမှာ သ ဘောတူထားပါတယ်။ လမ်းမှာရှိ တဲ့ဂိတ်တစ်ခုကို မြန်မာဘက်က နယ်ခြားစောင့်တပ်က လာစောင့် တာရှိသလို ထိုင်းဘက်ကစစ်တပ် က လာစောင့်တာတွေလဲ ရှိပါ တယ်''ဟု လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးချစ်လှက ပြောသည်။

၂၀၁၂ခုနှစ် ကရင်အမျိုးသား တိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးသည့်အချိန် မှစ၍ အဆိုပါလမ်းကိုဦးစားပေး ပြုပြင်နေခြင်းဖြစ်ပြီးလမ်းပြုပြင် နေသည့်အချိန်မှာပင် ထိုင်းဘက် မှ ဘိလပ်မြေနှင့် စားသောက်ကုန် များတင်ပို့ရောင်း ချနေပြီး မြန်မာဘက်မှ ပြောင်းနှင့်ငရုတ်တင်ပို့ ရောင်းချနေကြောင်း သိရသည်။

၁၉၉၄ ခုနှစ်တွင် ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦးအဖွဲ့ (KNPLF) မှ စစ် အစိုးရနှင့် အပစ်အခတ်ရပ်စဲ ချိန်ကာလတွင် အဆိုပါလမ်းကို စတင် ဖွင့် လှစ်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ် ရှိ ဒေသခံများ က ကောက်ပဲ သီး နှံများနှင့် အသေးစားကုန်ပစ္စည်း များကို ရောင်း ဝယ်ခဲ့ကြသည်။

Yangon Media Group